(unicode)
Our Planet (2019)
==============
Our Planet (2019)
==============
Netflixနဲ့ Silverback Filmsတို့ကနေ ပူးပေါင်းတင်ဆက်ထားတဲ့
Our Planetဟာ IMDBမှာ 9.4 နဲ့ Rotten
Tomatoes မှာ 93% အထိ rating
ရရှိထားတဲ့ အပိုင်း ၈ ပိုင်းပါဝင်တဲ့
Documentary series ဖြစ်ပြီး
စက်တင်ဘာ ၂၂ရက်နေ့မှာ ကျင်းပခဲ့တဲ့ Emmyဆုပေးပွဲကြီးမှာလဲ
အကောင်းဆုံး documentary seriesဆုကိုအားလုံးမျှော်မှန်းထားတဲ့အတိုင်း
ရယူနိူင်ခဲ့ပြီး စီးရီးရဲ့နောက်ခံစကားပြော David Attenboroughကလဲ
Best Narratorဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
Documentaryစီးရီး ဖြစ်လို့ ကြည့်ရတာပျင်းစရာကြီးလား
လို့မေးရင် ထိုင်ရာကမထတမ်း ကြည့်မိလောက်အောင်ထိကို
ဆွဲဆောင်မှုရှိတယ်လို့ ပြန်ဖြေမှာရပါ။
ဘာကြောင့်ဒီလောက်ထိ ကြည့်ရှုသူကို ဆွဲဆောင်ထားနိူင်တာလဲ?
အပိုင်းတစ်ပိုင်းစီမှာ လူသူအရောက်ပေါက်နည်းပြီး အရင်ကတစ်ခါမှ
ရိုက်ကူးလေ့လာမှုမလုပ်ရသေးတဲ့ မတူညီတဲ့ နေရာဒေသပေါင်းစုံက
သက်ရှိဘဝတွေ သဘာဝဖြစ်စဉ်တွေကို လျှိ့ဝှက်ကင်မရာတွေ ဒရုန်းတွေနဲ့
စိတ်ဝင်စားဖွယ် ရိုက်ကူး တင်ဆက်ထားတာပါ။
ဒီလိုရိုက်ကူးနိူင်ဖို့ သေချာ ရွေးချယ်ထားတဲ့အတော်ဆုံး
ရိုက်ကူးရေးအဖွဲ့ဝင်ပေါင်း ၆၀၀ကျော်ဟာ နိူင်ငံပေါင်း ၅၀ကျော်က
နေရာဒေသအစုံမှာ ရိုက်ကူးရေး ရက်ပေါင်း ၃၅၀၀ကျော်
(စုစုပေါင်းကြာမြင့်ချိန် လေးနှစ်ကျော်) အချိန်ယူပြီး
နောက်ဆုံးပေါ် ကင်မရာနည်းပညာတွေနဲ့
ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရ မြင်ရသမျှက
ထူးခြားလှပဆန်းသစ်ပြီး ဗဟုသုတတွေလဲ တနင့်တပိုး ရစေမှာပါ
စီးရီးရဲ့ Producerတစ်ယောက်ဖြစ်တဲ့ Keith Scholeyရဲ့ပြောကြားချက်အရ
ဒီစီးရီးမှာ ကျွန်တော်တို့ ကြည့်ရတဲ့ တစ်မိနစ်စီတိုင်းဟာ
နောက်ကွယ်မှာ ရိုက်ကူးရေးကြာချိန် မိနစ် ၁၀၀၀ထိ အချိုးကျ ရှိပါတယ်တဲ့
မှတ်တမ်းရုပ်ရှင်ဖြစ်ပေမယ့် နောက်ခံmusicရဲ့ ပံ့ပိုးပေးနိူင်မှု၊ နောက်ခံပြောပြသူဖြစ်တဲ့
David Attenboroughရဲ့ပညာသားပါစွာ ပြောပြပေးနိူင်မှု၊
ရိုက်ကူးတင်ဆက်ပုံနှင့် အကြောင်းအရာဆန်းသစ်မှု
တွေကြောင့်
ကြည့်ရင်း ပျော်ရွှင်ရ ဝမ်းနည်းရ စိတ်လှုပ်ရှားရ နဲ့ တကယ့်ကို
ဇာတ်အိမ်ခိုင်လှတဲ့ရုပ်ရှင်ကားကြီးတစ်ကား ကြည့်နေရသလို ခံစားမိစေမှာပါ။
ဒါဆို ဒီစီးရီးက ဖျော်ဖြေရေးသက်သက်ပဲလား..?
ဒီစီးရီးရဲ့အပိုင်းတစ်ပိုင်းစီတိုင်းမှာ တင်ဆက်သမျှအကြောင်းအရာတွေဟာ...
အပိုင်းရဲ့အစပိုင်းမှာတော့ ကမ္ဘာအဝှမ်းလူသူမနီးတဲ့ ဒေသတွေက
ထူးခြားသက်ရှိတိရိစ္ဆာန်တွေနဲ့ သဘာဝဖြစ်စဉ်တွေအကြောင်းကို
စိတ်ဝင်စားဖွယ် မျက်တောင်မခတ်တမ်း ကြည့်ကြရမှာဖြစ်ပြီး
အပိုင်းရဲ့အဆုံးသတ်မှာတော့ ကျွန်တော်တို့ လူသားတွေရဲ့
လက်လွတ်စပယ်အပြုအမူတွေကြောင့် သဘာဝတရားကြီး
ဘယ်လောက်ထိ ထိခိုက်ပျက်စီးသွားခဲ့ပြီလဲ ၊
ကုန်းနေ ရေနေ တိရိစ္ဆာန်တွေရဲ့ ဘဝတွေကို ဘယ်လောက်များ
ထိခိုက်နစ်နာစေခဲ့ပြီလဲ ဆိုတာတွေကို ရင်နာနာနဲ့ ကြည့်ကြရမှာပါ။
ဒါပေမယ့် ဒါတွေကို နောက်ထပ်ဆက်မဖြစ်အောင်၊ ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့
သစ်တောတွေ၊ မျိုးသုန်းလုနီးပါးဖြစ်ခဲ့ရတဲ့ တိရိစ္ဆာန်တွေ ပြန်လည်နလန်ထူလာနိူင်အောင် ကျွန်တော်တို့တွေ
ဘယ်လိုလုပ်ကြရမလဲဆိုတာကို အပိုင်းတိုင်းမှာ ဖော်ထုတ် တင်ဆက်ထားပါတယ်။
"ကမ္ဘာကြီးဟာ အိမ်တစ်လုံးဆိုပါစို့
ကျွန်တော်တို့လူသားတွေ အပါအဝင်
သက်ရှိအဖွဲ့စည်း တစ်ခုလုံးဟာ
ဒီအိမ်ကြီးပေါ်မှာ မှီခိုနေထိုင်ကြတဲ့ မိသားစုဝင်တွေပါ ''
အိမ်တစ်အိမ်မှာ ပျက်စီးသမျှနေရာတိုင်းကို အိမ်သူအိမ်သားတွေအားလုံး
ပြုပြင်ဖာထေးကြရမယ့် တာဝန်ရှိပါတယ်။
Our Planetမှာတော့ ကျွန်တော်တို့အားလုံးရဲ့မှီခိုနေထိုင်ရာ အိမ်ကြီးဟာ
ဘယ်နေရာမှာ ဘယ်လိုယိုယွင်းပျက်စီးနေပြီဆိုတာတွေ ဘယ်လိုမျိုးနည်းနဲ့
ပြုပြင်ဖာထေးကြရမယ် ဆိုတာတွေကို
သေသေချာချာကို ထုတ်ဖော် တင်ဆက်ထားတာကြောင့်
ဒီစီးရီးကို သင်ကိုယ်တိုင်လဲကြည့်ပြီး နီးစပ်ရာလူတိုင်းကိုလဲ
မျှဝေပေးသင့်တဲ့အကြောင်း ညွှန်းဆိုလိုက်ရပါတယ်။
Sane Khet နှင့် Kaung Khant Win
တို့မှ ဘာသာပြန်ပေးထားပြီး
XCode မှ တင်ဆက်ပေးထားပါတယ်
Credit - CM
EP1
Link - https://mm1ink.net/ZenU
Link - https://mm1ink.net/ZenU
Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
(zawgyi)
Our Planet (2019)
==============
Our Planet (2019)
==============
Netflixနဲ႕ Silverback Filmsတို႔ကေန ပူးေပါင္းတင္ဆက္ထားတဲ့
Our Planetဟာ IMDBမွာ 9.4 နဲ႕ Rotten
Tomatoes မွာ 93% အထိ rating
ရရွိထားတဲ့ အပိုင္း ၈ ပိုင္းပါဝင္တဲ့
Documentary series ျဖစ္ၿပီး
စက္တင္ဘာ ၂၂ရက္ေန႕မွာ က်င္းပခဲ့တဲ့ Emmyဆုေပးပြဲႀကီးမွာလဲ
အေကာင္းဆုံး documentary seriesဆုကိုအားလုံးေမွ်ာ္မွန္းထားတဲ့အတိုင္း
ရယူနိူင္ခဲ့ၿပီး စီးရီးရဲ႕ေနာက္ခံစကားေျပာ David Attenboroughကလဲ
Best Narratorဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။
Documentaryစီးရီး ျဖစ္လို႔ ၾကည့္ရတာပ်င္းစရာႀကီးလား
လို႔ေမးရင္ ထိုင္ရာကမထတမ္း ၾကည့္မိေလာက္ေအာင္ထိကို
ဆြဲေဆာင္မႈရွိတယ္လို႔ ျပန္ေျဖမွာရပါ။
ဘာေၾကာင့္ဒီေလာက္ထိ ၾကည့္ရႈသူကို ဆြဲေဆာင္ထားနိူင္တာလဲ?
အပိုင္းတစ္ပိုင္းစီမွာ လူသူအေရာက္ေပါက္နည္းၿပီး အရင္ကတစ္ခါမွ
ရိုက္ကူးေလ့လာမႈမလုပ္ရေသးတဲ့ မတူညီတဲ့ ေနရာေဒသေပါင္းစုံက
သက္ရွိဘဝေတြ သဘာဝျဖစ္စဥ္ေတြကို လွ်ိ့ဝွက္ကင္မရာေတြ ဒ႐ုန္းေတြနဲ႕
စိတ္ဝင္စားဖြယ္ ရိုက္ကူး တင္ဆက္ထားတာပါ။
ဒီလိုရိုက္ကူးနိူင္ဖို႔ ေသခ်ာ ေ႐ြးခ်ယ္ထားတဲ့အေတာ္ဆုံး
ရိုက္ကူးေရးအဖြဲ႕ဝင္ေပါင္း ၆၀၀ေက်ာ္ဟာ နိူင္ငံေပါင္း ၅၀ေက်ာ္က
ေနရာေဒသအစုံမွာ ရိုက္ကူးေရး ရက္ေပါင္း ၃၅၀၀ေက်ာ္
(စုစုေပါင္းၾကာျမင့္ခ်ိန္ ေလးႏွစ္ေက်ာ္) အခ်ိန္ယူၿပီး
ေနာက္ဆုံးေပၚ ကင္မရာနည္းပညာေတြနဲ႕
ရိုက္ကူးထားတာျဖစ္လို႔ ၾကည့္ရ ျမင္ရသမွ်က
ထူးျခားလွပဆန္းသစ္ၿပီး ဗဟုသုတေတြလဲ တနင့္တပိုး ရေစမွာပါ
စီးရီးရဲ႕ Producerတစ္ေယာက္ျဖစ္တဲ့ Keith Scholeyရဲ႕ေျပာၾကားခ်က္အရ
ဒီစီးရီးမွာ ကြၽန္ေတာ္တို႔ ၾကည့္ရတဲ့ တစ္မိနစ္စီတိုင္းဟာ
ေနာက္ကြယ္မွာ ရိုက္ကူးေရးၾကာခ်ိန္ မိနစ္ ၁၀၀၀ထိ အခ်ိဳးက် ရွိပါတယ္တဲ့
မွတ္တမ္း႐ုပ္ရွင္ျဖစ္ေပမယ့္ ေနာက္ခံmusicရဲ႕ ပံ့ပိုးေပးနိူင္မႈ၊ ေနာက္ခံေျပာျပသူျဖစ္တဲ့
David Attenboroughရဲ႕ပညာသားပါစြာ ေျပာျပေပးနိူင္မႈ၊
ရိုက္ကူးတင္ဆက္ပုံႏွင့္ အေၾကာင္းအရာဆန္းသစ္မႈ
ေတြေၾကာင့္
ၾကည့္ရင္း ေပ်ာ္႐ႊင္ရ ဝမ္းနည္းရ စိတ္လႈပ္ရွားရ နဲ႕ တကယ့္ကို
ဇာတ္အိမ္ခိုင္လွတဲ့႐ုပ္ရွင္ကားႀကီးတစ္ကား ၾကည့္ေနရသလို ခံစားမိေစမွာပါ။
ဒါဆို ဒီစီးရီးက ေဖ်ာ္ေျဖေရးသက္သက္ပဲလား..?
ဒီစီးရီးရဲ႕အပိုင္းတစ္ပိုင္းစီတိုင္းမွာ တင္ဆက္သမွ်အေၾကာင္းအရာေတြဟာ...
အပိုင္းရဲ႕အစပိုင္းမွာေတာ့ ကမၻာအဝွမ္းလူသူမနီးတဲ့ ေဒသေတြက
ထူးျခားသက္ရွိတိရိစ္ဆာန္ေတြနဲ႕ သဘာဝျဖစ္စဥ္ေတြအေၾကာင္းကို
စိတ္ဝင္စားဖြယ္ မ်က္ေတာင္မခတ္တမ္း ၾကည့္ၾကရမွာျဖစ္ၿပီး
အပိုင္းရဲ႕အဆုံးသတ္မွာေတာ့ ကြၽန္ေတာ္တို႔ လူသားေတြရဲ႕
လက္လြတ္စပယ္အျပဳအမူေတြေၾကာင့္ သဘာဝတရားႀကီး
ဘယ္ေလာက္ထိ ထိခိုက္ပ်က္စီးသြားခဲ့ၿပီလဲ ၊
ကုန္းေန ေရေန တိရိစ္ဆာန္ေတြရဲ႕ ဘဝေတြကို ဘယ္ေလာက္မ်ား
ထိခိုက္နစ္နာေစခဲ့ၿပီလဲ ဆိုတာေတြကို ရင္နာနာနဲ႕ ၾကည့္ၾကရမွာပါ။
ဒါေပမယ့္ ဒါေတြကို ေနာက္ထပ္ဆက္မျဖစ္ေအာင္၊ ပ်က္စီးဆုံးရႈံးသြားခဲ့ရတဲ့
သစ္ေတာေတြ၊ မ်ိဳးသုန္းလုနီးပါးျဖစ္ခဲ့ရတဲ့ တိရိစ္ဆာန္ေတြ ျပန္လည္နလန္ထူလာနိူင္ေအာင္ ကြၽန္ေတာ္တို႔ေတြ
ဘယ္လိုလုပ္ၾကရမလဲဆိုတာကို အပိုင္းတိုင္းမွာ ေဖာ္ထုတ္ တင္ဆက္ထားပါတယ္။
"ကမၻာႀကီးဟာ အိမ္တစ္လုံးဆိုပါစို႔
ကြၽန္ေတာ္တို႔လူသားေတြ အပါအဝင္
သက္ရွိအဖြဲ႕စည္း တစ္ခုလုံးဟာ
ဒီအိမ္ႀကီးေပၚမွာ မွီခိုေနထိုင္ၾကတဲ့ မိသားစုဝင္ေတြပါ ''
အိမ္တစ္အိမ္မွာ ပ်က္စီးသမွ်ေနရာတိုင္းကို အိမ္သူအိမ္သားေတြအားလုံး
ျပဳျပင္ဖာေထးၾကရမယ့္ တာဝန္ရွိပါတယ္။
Our Planetမွာေတာ့ ကြၽန္ေတာ္တို႔အားလုံးရဲ႕မွီခိုေနထိုင္ရာ အိမ္ႀကီးဟာ
ဘယ္ေနရာမွာ ဘယ္လိုယိုယြင္းပ်က္စီးေနၿပီဆိုတာေတြ ဘယ္လိုမ်ိဳးနည္းနဲ႕
ျပဳျပင္ဖာေထးၾကရမယ္ ဆိုတာေတြကို
ေသေသခ်ာခ်ာကို ထုတ္ေဖာ္ တင္ဆက္ထားတာေၾကာင့္
ဒီစီးရီးကို သင္ကိုယ္တိုင္လဲၾကည့္ၿပီး နီးစပ္ရာလူတိုင္းကိုလဲ
မွ်ေဝေပးသင့္တဲ့အေၾကာင္း ၫႊန္းဆိုလိုက္ရပါတယ္။
Sane Khet ႏွင့္ Kaung Khant Win
တို႔မွ ဘာသာျပန္ေပးထားၿပီး
XCode မွ တင္ဆက္ေပးထားပါတယ္
Credit - CM
EP1
Link - https://mm1ink.net/ZenU
Link - https://mm1ink.net/ZenU
Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI

Post a Comment