Facebook

Home » » Mr. Majnu (2019)

Mr. Majnu (2019)


(unicode)
Mr. Majnu (2019)
=============
အိန္ဒိယရုပ်ရှင်ကြိုက်သူတွေ အကြမ်းပတမ်းတွေ ကြည့်ရတာများပြီး အီနေပြီလား ဒါဆို အချစ်ဇာတ်လမ်းလေး တစ်ကားလောက်ကြည့်ရအောင်။
ဟောဗျာ မင်းသားရှိုးလိုက်တော့ လူကြိုက်များခဲ့တဲ့Helloဆိုတဲ့ တေလဂူးကားထဲက မင်းသား။မင်းသမီး တစ်ချက် ထပ်ရှိုးမယ်။ရိုးပြီး အေးချမ်းလှတဲ့ မျက်နှာထားပိုင်ရှင်လေး။ဇာတ်လမ်းထဲ တစ်ချက်ထပ်ရှိုးမယ် ။"အချစ်ဟာ လိုက်ရင်ပြေးတယ်၊ရပ်လိုက်ပြီဆိုတော့ ကိုယ့်နောက်ကို ပြန်လိုက်တယ်။မာနတွေ သိက္ခတွေ ခဝါချပြီးအရာရာ အနစ်နာခံခဲ့ပေမယ့်မင်းမှ မမြင်နိုင်ခဲ့တာ. . .
ကိုယ့်ကိုမင်းတွေ့ဖူးတဲ့ မိန်းကလေးတွေလိုထင်နေတာ ကိုယ်တကယ်စိတ်မကောင်းဘူး။ကိုယ်သတ်မှတ်ထားတဲ့ အချစ်ဆိုတာမျိုးက တစ်ဦးကိုတစ်ဦး နားလည်ပေးပြီးချစ်သူသက်တမ်းကို လက်ချိုးရေတွက်ရင်း anniversary တွေကို အပတ်စဉ်၊လစဉ် ကျင်းပနေချင်တာမျိုး။မတတ်သာတဲ့အဆုံးမှာကိုယ့်ချစ်သူ ကိုယ့်ဘက်မှာ မရှိမှန်းသိလိုက်ရတဲ့ အခါမှာ. . .
ကိုယ်ဟာ ဆောက်တည်ရာမဲ့. . .ပေးဆပ်အချစ်ဆိုပေမယ့်လည်းပိုင်ဆိုင်ခွင့်များ ရလေမလားလို့ မရဲတရဲနဲ့ မျှော်လင့်ချက် တစ်ချို့တစ်ဝက်ကိုရင်မှာပိုက်ရင်း ကိုယ်ဟာ အကြိမ်ကြိမ်သေဆုံးနေခဲ့ရသူပါ။
" ဒါက ဗစ်ကီဆိုတဲ့စော်ကြည်ဘဲကောင်လေးကိုချစ်မိတဲ့ နစ်ကီဆိုတဲ့ ကောင်မလေးရဲ့ခံစားချက်နဲ့ အချစ်နဲ့ပက်သက်တဲ့ ခံယူချက်။ကိုယ့်အတွက် အချစ်ဆိုတာတစ်လပဲခံတဲ့ လစဉ်သုံးပစ္စည်းလိုမျိုး၊လကုန်ရင် အသစ်ပြောင်းလဲရတာဟာနေသားကျနေပြီ။
ဒီလိုရတဲ့ အချိန် တစ်လအတွင်းကိုယ့်ရည်းစားနဲ့ ပျော်ပျော်နေမယ်၊ပျော်ပျော်လည်မယ်။အချိန်တန်ရင် ဘာမှမဖြစ်သလိုမျိုးဘာသိဘာသာ သူစိမ်းတွေ ဖြစ်သွားကြမယ်။
ဒါက ဗစ်ကီ့ဘက်က ခံယူချက်နဲ့သူလျှောက်နေတဲ့ လမ်း။ကောင်မလေးတွေ ထည်လဲတွဲရင်း၊England မှာလို အချစ်ဆိုတဲ့ အရာကိုFirst Kiss နဲ့ စတင်ပြီး Goodbye နဲ့အဆုံးသတ်တယ်။ရိုးရိုးလေးပြောရမယ်ဆိုသူ့ရဲ့Relationshipတွေကအစရှိတယ်၊ အဆုံးသတ်ရှိတယ်။အချစ်ဆိုတာ ဘာလဲ၊ထည့်ကို မတွေးမိသလိုဘယ်သူ့အတွက်မှ ရင်ဘတ်မှာလှုပ်လှုပ်ရှားရှားမဖြစ်ဖူးသူပါ။
ဒါပေမယ့် တကယ့်အရိုးခံစိတ်နဲ့သူ့ကို အရှိအတိုင်းလေး ချစ်တဲ့နစ်ကီလို မိန်းကလေးနဲ့ အတွေ့မှာတော့. . .
ဟိုးအရှေ့ 2017 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Hello အချစ်ကားလိုတကယ့်ကို ရင်ထဲစွဲငြိစေမယ့် အချစ်ကားစစ်စစ်တွေကိုခံစားတတ်သူတွေအဖို့ဒီကားကို ကြိုက်နှစ်သက်မိမှာ အမှန်ပါပဲ။
အဲ့ အချစ်ဇာတ်လမ်းပဲလားဆိုတော့ မိသားစုစီးပွားရေးကိစ္စ နည်းနည်းပါသေးတယ်။ရင့်ကျက်လှပါဘိဆိုတဲ့ ညီငယ်ကို ပညာပေးပုံတွေ ရင်ထဲထိပါတယ်။
သူ့အစား စကားတစ်ခွန်း ပြောပေးရရင်"ဘဝဆိုတာ ရေလယ်ရောက်မှလှော်တက်ကျိုးပြီး ကမ်းစပ်မရောက်နိုင်တဲ့ လှေငယ်လိုမျိုး ဒုက္ခတွေဟာ အံဝင်ခွင်ကျ ရောက်လာတတ်တယ် ငါ့ညီရဲ့"
အညွှန်းတွေကတော့ ဘာသာပြန်သူတို့မှာ လုရေးထားပါတယ်။
:3
Translated by Myint Thu & Nyi Nyi Koe (MLMC)
Encoded by Thanhtike Zaw








Credit








File size - 998MB
ဒီမှာဒေါင်းပါ - https://mm1ink.info/F0G9s












File size - 494MB
ဒီမှာဒေါင်းပါ - https://mm1ink.info/JAZbbQ90



















မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs









(zawgyi)
Mr. Majnu (2019)
=============
:3








Credit








File size - 998MB












File size - 494MB



















👇👇👇👇👇👇👇👇








Share this article :

Post a Comment