Facebook

Home » » Sultan (2016)

Sultan (2016)


(unicode)
Sultan (2016) မြန်မာစာတန်းထိုး
ဒီဇာတ်ကားဟာ အလယ်အလတ်ပိုင်းအရွယ်ရှိတဲ့ နပန်းချန်ပီယံတစ်ယောက် Olympic မှာ India ကိုယ်စားပြုဝင်ပြိုင်ပြီး လက်ဝှေ့လောကကို ပြန်လာဖို့ ကြိုးပမ်းတဲ့အကြောင်းဖြစ်ပါတယ်။
တစ်ချိန်က ပြိုင်စံရှား အောင်မြင်ကျော်ကြားလှတဲ့ နပန်းသမားကြီး Sultan ခုတော့ အကြောင်းအမျိုးမျိုးကြောင့် အရှုံးသမားဖြစ်နေရာက ဆုံးရှုံးသွားသမျှကို ပြန်ယူဖို့အတွက် ကြိုးဝိုင်းအတွင်းကို ပြန်ဝင်ဖို့ဖြစ်လာပါတော့တယ်။
ဒီကားကို စသိမိတာကတော့ ထုံးစံအတိုင်း ရုပ်ရှင်ရုံမှာပြတဲ့ trailer ကြောင့်ပေါ့။ ပုံစံကမဆိုးဘူး၊ ရိုက်ချက်လေးတွေ မိုက်တယ်၊ တအားကြီးမကောင်းတောင် ထူးထူးခြားခြားနဲ့ အပန်းပြေနိုင်တယ် ကြည့်ဦးမှဆိုပြီးတော့ ဖြစ်ခဲ့တယ်ပေါ့ဗျ။ ဘယ်လိုကောင်းမယ် ဘာဖြစ်တယ်ညာဖြစ်တယ်မျိုး မှန်းထားတာမျိုးမရှိခဲ့ဘူး။
ဇာတ်လမ်းပိုင်းမှာ Sultan ဟာ Southpaw နဲ့ နည်းနည်းလေးသွားဆင်တယ်။ ဇာတ်ဝင်ခန်းတချို့ ပြောသွားတဲ့ ပေးသွားတဲ့ message တချို့အရ နောက်လာမဲ့ Amir Khan ရဲ့ Dangal နဲ့လည်း နည်းနည်းဆင်တယ်။ သိပ်မဆိုင်ဘူးဆိုပေမဲ့ အမှတ်ရတာတစ်ခုက ဒီကားမကြည့်ခင်မှာပဲ ဘော်ဒါတစ်ယောက်နဲ့ ပြောဖြစ်ခဲ့တဲ့ အချစ်အကြောင်းပါ။ ပြောရရင် ကြားရရင် နည်းနည်းလေး ပေါတောတောနိုင်တယ်လို့ ထင်နိုင်ပေမဲ့ အချစ်ကြောင့် မဖြစ်နိုင်ဘူးဆိုတာတွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ပါ။ ရုပ်ရှင်ထဲမှာတော့ ပေါတောတော ပေါ့ပျက်ပျက်နေနေတဲ့ Sultan တစ်ယောက် အချစ်ကြောင့် ဘဝတစ်ခုလုံး ဘာမှမဆိုင်အောင် ပြောင်းလဲပြီး အတက်တွေအကျတွေ အနိုင်တွေအရံှုးတွေဆိုတာတွေနဲ့ ဇာတ်လမ်းတစ်ပုဒ်လုံးဖြစ်ပေါ်လာခဲ့တယ်ပေါ့။
Sultan ကိုတော်တော်လေးသဘောကျမိတဲ့ အချက်တစ်ခုက ရုပ်ရှင်ပြသချိန်ကို ရှည်ရှည်ယူပြီး ပေးချင်ပြောချင် ပြချင်တာတွေကို ဖြေးဖြေးနဲ့ မသိမသာလေးတွေ ထည့်ပေးလို့ပါ။ သူတို့ ရွာဓလေ့တွေ၊ လူ့စရိုက် လူ့သဘာဝ၊ မာနနဲ့ ဘဝ စတာတွေကို (ယှဉ်ပြောမိတာ ခွင့်လွှတ်) ကျွန်တော်တို့ ဗမာကားတွေလို ငါတို့ မြန်မာလူမျိုးဆိုတာ ဒီလို ဒါလိုရှိတယ်။ မိဘမေတ္တာဆိုတာ ဘယ်လိုမျိုးရှိတယ်၊ ငါတို့ရွာသားတွေက အရမ်းရိုးသားတာ ဘာာညာ ဆိုတာမျိုး အတင်းကြီး မစားစားအောင် ကျွေးလွှတ်တာမျိုးမဟုတ်ဘဲ သက်သက်သာသာလေးတွေနဲ့ ပေးသွားပြောသွားတာလေးတွေကိုပါ။
ရိုက်ချက်တွေမှာတော့ ထုံးစံအတိုင်း ကင်မရာမန်းတွေကတော့ စကေးရှယ်ပြထားပါတယ်။ အလင်းအမှောင်တွေဘာတွေ လိုတာပိုတာမရှိဘဲ လက်စွမ်းပြထားတယ်။ နောက်ခံတီးလုံးနဲ့ သီချင်းတွေကလည်း အင်မတန်ကောင်းတယ်။ သရုပ်ဆောင်တွေအကုန်လုံး တော်ကြသလို ဇာတ်လိုက် Salman Khan ကတော့ သူ့ရဲ့ ဘဝအတက်အကျ အနိမ့်အမြင့်တွေနဲ့လိုက်ပြီး အမူအရာမျိုးစုံ ပီပြင်အောင် သရုပ်ဆောင်ပြနိုင်ခဲ့တယ်။
Sultan ရုပ်ရှင်ဟာ ပျော်စရာ၊ ကြည်နူးစရာ၊ ဝမ်းနည်းစရာ အစုံပေးနိုင်တဲ့ရုပ်ရှင်တစ်ကားပါ။  ကြည့်နေသူတွေက တခွီခွီနဲ့ ရယ်ရတဲ့အခိုက်၊ ပြုံးပြီးသဘောကျနေတဲ့အခိုက်၊ မျက်ရည်လေးစမ်းစမ်းနဲ့ မငိုအောင်ထိန်းရတဲ့အခိုက် မျိုးစုံဖြစ်မှာ သေချာတယ်။ ဇာတ်လမ်းက နည်းနည်းရှည်တာလေးနဲ့ Bollywood ကား ထုံးစံအတိုင်း မင်းသားကို အတင်း skill ပြထားတာ၊ theme song ကို ခနခန တောက်လျှောက်သုံးထားတာ ဆိုတဲ့ မပြောပလောက်တဲ့ ဟာလေးတွေကလွဲပြီး ကျန်တာ အကုန်သဘောကျမိပါတယ်။ ပညာလည်းပေးနိုင်တဲ့အပြင် သူတို့ Indian ရိုးရာ ဓလေ့၊ နောက် သူတို့ရဲ့ ရိုးရာ နပန်းကစားနည်းကို visual effect မပါ (ပါတယ်ဆိုရောက်လောက်တော့ရှိတာပေါ့)၊ ပေါက်ကွဲခန်း action တွေမပါဘဲ လူစိတ်ဝင်စားအောင် လုပ်ပြနိုင်တော့ စဉ်းစားရင်း အားမရဖြစ်မိတာ တွေးမိတာက ကျွန်တော်တို့ မြန်မာပြည်မှာလည်း နည်းပညာအခက်အခဲကြောင့် ဆိုတာကြီး ဘေးဖယ်ပြီး မြန်မာ့လက်ဝှေ့တို့ဘာတို့ကို ဒီကားလိုမျိုး ကမ္ဘာကို ရိုက်ပြချပြနိုင်ရင်ကောင်းမယ်လို့ပေါ့။
Bollywood ရုပ်ရှင်တစ်ကားဖြစ်ပြီး မင်းသား Salman Khan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။




Credit - MMSU






File size - 2.37MB
ဒီမှာဒေါင်းပါ - https://mkvlinks.xyz/6ppt6P












File size - 699MB
ဒီမှာဒေါင်းပါ - https://mkvlinks.xyz/smpKaNa







မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/LEOzBUjYxdY



Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI









(zawgyi)
Sultan (2016) ျမန္မာစာတန္းထိုး
ဒီဇာတ္ကားဟာ အလယ္အလတ္ပိုင္းအရြယ္ရွိတဲ႔ နပန္းခ်န္ပီယံတစ္ေယာက္ Olympic မွာ India ကိုယ္စားျပဳဝင္ၿပိဳင္ၿပီး လက္ေဝွ႕ေလာကကို ျပန္လာဖို႔ ႀကိဳးပမ္းတဲ႔အေၾကာင္းျဖစ္ပါတယ္။
တစ္ခ်ိန္က ၿပိဳင္စံရွား ေအာင္ျမင္ေက်ာ္ၾကားလွတဲ႔ နပန္းသမားႀကီး Sultan ခုေတာ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အရႈံးသမားျဖစ္ေနရာက ဆံုးရႈံးသြားသမွ်ကို ျပန္ယူဖို႔အတြက္ ႀကိဳးဝိုင္းအတြင္းကို ျပန္ဝင္ဖို႔ျဖစ္လာပါေတာ႔တယ္။
ဒီကားကို စသိမိတာကေတာ႔ ထံုးစံအတိုင္း ရုပ္ရွင္ရံုမွာျပတဲ႔ trailer ေၾကာင့္ေပါ႔။ ပံုစံကမဆိုးဘူး၊ ရိုက္ခ်က္ေလးေတြ မိုက္တယ္၊ တအားႀကီးမေကာင္းေတာင္ ထူးထူးျခားျခားနဲ႔ အပန္းေျပႏိုင္တယ္ ၾကည့္ဦးမွဆိုၿပီးေတာ႔ ျဖစ္ခဲ႔တယ္ေပါ႔ဗ်။ ဘယ္လိုေကာင္းမယ္ ဘာျဖစ္တယ္ညာျဖစ္တယ္မ်ိဳး မွန္းထားတာမ်ိဳးမရွိခဲ႔ဘူး။
ဇာတ္လမ္းပိုင္းမွာ Sultan ဟာ Southpaw နဲ႔ နည္းနည္းေလးသြားဆင္တယ္။ ဇာတ္ဝင္ခန္းတခ်ိဳ႕ ေျပာသြားတဲ႔ ေပးသြားတဲ႔ message တခ်ိဳ႕အရ ေနာက္လာမဲ႔ Amir Khan ရဲ႕ Dangal နဲ႔လည္း နည္းနည္းဆင္တယ္။ သိပ္မဆိုင္ဘူးဆိုေပမဲ႔ အမွတ္ရတာတစ္ခုက ဒီကားမၾကည့္ခင္မွာပဲ ေဘာ္ဒါတစ္ေယာက္နဲ႔ ေျပာျဖစ္ခဲ႔တဲ႔ အခ်စ္အေၾကာင္းပါ။ ေျပာရရင္ ၾကားရရင္ နည္းနည္းေလး ေပါေတာေတာႏိုင္တယ္လို႔ ထင္ႏိုင္ေပမဲ႔ အခ်စ္ေၾကာင့္ မျဖစ္ႏိုင္ဘူးဆိုတာေတြ ျဖစ္လာႏိုင္တယ္ဆိုၿပီးေတာ႔ပါ။ ရုပ္ရွင္ထဲမွာေတာ႔ ေပါေတာေတာ ေပါ႔ပ်က္ပ်က္ေနေနတဲ႔ Sultan တစ္ေယာက္ အခ်စ္ေၾကာင့္ ဘဝတစ္ခုလံုး ဘာမွမဆိုင္ေအာင္ ေျပာင္းလဲၿပီး အတက္ေတြအက်ေတြ အႏိုင္ေတြအရံႈးေတြဆိုတာေတြနဲ႔ ဇာတ္လမ္းတစ္ပုဒ္လံုးျဖစ္ေပၚလာခဲ႔တယ္ေပါ႔။
Sultan ကိုေတာ္ေတာ္ေလးသေဘာက်မိတဲ႔ အခ်က္တစ္ခုက ရုပ္ရွင္ျပသခ်ိန္ကို ရွည္ရွည္ယူၿပီး ေပးခ်င္ေျပာခ်င္ ျပခ်င္တာေတြကို ေျဖးေျဖးနဲ႔ မသိမသာေလးေတြ ထည့္ေပးလို႔ပါ။ သူတို႔ ရြာဓေလ႔ေတြ၊ လူ႔စရိုက္ လူ႔သဘာဝ၊ မာနနဲ႔ ဘဝ စတာေတြကို (ယွဥ္ေျပာမိတာ ခြင့္လႊတ္) ကြ်န္ေတာ္တို႔ ဗမာကားေတြလို ငါတို႔ ျမန္မာလူမ်ိဳးဆိုတာ ဒီလို ဒါလိုရွိတယ္။ မိဘေမတၱာဆိုတာ ဘယ္လိုမ်ိဳးရွိတယ္၊ ငါတို႔ရြာသားေတြက အရမ္းရိုးသားတာ ဘာာညာ ဆိုတာမ်ိဳး အတင္းႀကီး မစားစားေအာင္ ေကြ်းလႊတ္တာမ်ိဳးမဟုတ္ဘဲ သက္သက္သာသာေလးေတြနဲ႔ ေပးသြားေျပာသြားတာေလးေတြကိုပါ။
ရိုက္ခ်က္ေတြမွာေတာ႔ ထံုးစံအတိုင္း ကင္မရာမန္းေတြကေတာ႔ စေကးရွယ္ျပထားပါတယ္။ အလင္းအေမွာင္ေတြဘာေတြ လိုတာပိုတာမရွိဘဲ လက္စြမ္းျပထားတယ္။ ေနာက္ခံတီးလံုးနဲ႔ သီခ်င္းေတြကလည္း အင္မတန္ေကာင္းတယ္။ သရုပ္ေဆာင္ေတြအကုန္လံုး ေတာ္ၾကသလို ဇာတ္လိုက္ Salman Khan ကေတာ႔ သူ႔ရဲ႕ ဘဝအတက္အက် အနိမ္႔အျမင့္ေတြနဲ႔လိုက္ၿပီး အမူအရာမ်ိဳးစံု ပီျပင္ေအာင္ သရုပ္ေဆာင္ျပႏိုင္ခဲ႔တယ္။
Sultan ရုပ္ရွင္ဟာ ေပ်ာ္စရာ၊ ၾကည္ႏူးစရာ၊ ဝမ္းနည္းစရာ အစံုေပးႏိုင္တဲ႔ရုပ္ရွင္တစ္ကားပါ။  ၾကည့္ေနသူေတြက တခြီခြီနဲ႔ ရယ္ရတဲ႔အခိုက္၊ ၿပံဳးၿပီးသေဘာက်ေနတဲ႔အခိုက္၊ မ်က္ရည္ေလးစမ္းစမ္းနဲ႔ မငိုေအာင္ထိန္းရတဲ႔အခိုက္ မ်ိဳးစံုျဖစ္မွာ ေသခ်ာတယ္။ ဇာတ္လမ္းက နည္းနည္းရွည္တာေလးနဲ႔ Bollywood ကား ထံုးစံအတိုင္း မင္းသားကို အတင္း skill ျပထားတာ၊ theme song ကို ခနခန ေတာက္ေလွ်ာက္သံုးထားတာ ဆိုတဲ႔ မေျပာပေလာက္တဲ႔ ဟာေလးေတြကလြဲၿပီး က်န္တာ အကုန္သေဘာက်မိပါတယ္။ ပညာလည္းေပးႏိုင္တဲ႔အျပင္ သူတို႔ Indian ရိုးရာ ဓေလ႔၊ ေနာက္ သူတို႔ရဲ႕ ရိုးရာ နပန္းကစားနည္းကို visual effect မပါ (ပါတယ္ဆိုေရာက္ေလာက္ေတာ႔ရွိတာေပါ႔)၊ ေပါက္ကြဲခန္း action ေတြမပါဘဲ လူစိတ္ဝင္စားေအာင္ လုပ္ျပႏိုင္ေတာ႔ စဥ္းစားရင္း အားမရျဖစ္မိတာ ေတြးမိတာက ကြ်န္ေတာ္တို႔ ျမန္မာျပည္မွာလည္း နည္းပညာအခက္အခဲေၾကာင့္ ဆိုတာႀကီး ေဘးဖယ္ၿပီး ျမန္မာ႔လက္ေဝွ႔တို႔ဘာတို႔ကို ဒီကားလိုမ်ိဳး ကမာၻကို ရိုက္ျပခ်ျပႏိုင္ရင္ေကာင္းမယ္လို႔ေပါ႔။
Bollywood ရုပ္ရွင္တစ္ကားျဖစ္ၿပီး မင္းသား Salman Khan အဓိကပါဝင္သရုပ္ေဆာင္ထားပါတယ္။




Credit - MMSU






File size - 2.37MB
ဒီမွာေဒါင္းပါ - https://mkvlinks.xyz/6ppt6P













File size - 699MB
ဒီမွာေဒါင္းပါ - https://mkvlinks.xyz/smpKaNa






မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇👇👇👇
https://youtu.be/LEOzBUjYxdY



Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI



Share this article :

Post a Comment