(unicode)
Looper (2012)
===========
Looper (2012)
===========
Time Travel နဲ့ပတ်သက်တဲ့ကားတစ်ကားဖြစ်ပါတယ်။ 2044 မှာ အခြေတည်တယ်။
ဇာတ်လမ်းကတော့ အဲဒီအချိန်မှာ Time machine ဆိုတာ မပေါ်သေးပေမဲ့ နောက်နှစ် (၃၀) ကြာတဲ့အခါ ပေါ်ပြီတဲ့။
Future (2070) တွေမှာ Time machine ပေါ်လာပေမဲ့ ချက်ချင်းပဲ တရားမဝင်ဆိုပြီး ပိတ်ပင်ကြတယ်။
အဲဒီအတွက် လူဆိုးဂိုဏ်းအကြီးကြီးတွေက လျှို့ဝှက်သုံးတယ်။
အဲဒီခေတ်မှာ လူတစ်ယောက်ကို သတ်ပြီး အစဖျောက်ဖို့ မလွယ်တဲ့အတွက် သူူတို့တွေ သတ်ချင်တဲ့လူတွေကို ဖမ်း၊ ကြိုးတုပ်ပြီး ဒီနေ့ခေတ် (၂၀၄၄) က သတ်မှတ်နေရာတစ်ခု (ဥပမာ ပြောင်းခင်းဘေး) ကို ပို့လိုက်တယ်။
အဲဒါကိုမှ Looper ဆိုတဲ့ကောင်တွေက အဲဒီနေရာတွေမှာစောင့်နေပြီး ပေါ်လာတဲ့ကောင်ကို ပစ်သတ်၊ အစဖျောက်ပစ်တယ်။
နောက် သူတို့နဲ့ထည့်ပေးလိုက်တဲ့ ငွေပြား ရွှေပြားတွေကို payment အဖြစ်ယူတယ်။
Future ကလည်း အဲဒီလိုလုပ်နေရင်းနဲ့ သူတို့နဲ့ အလုပ်လုပ်နေတဲ့ looper တွေနဲ့ စာရင်းဖြောက်ချင်၊ စာချုပ်ဖျက်ချင်တဲ့အခါ အဲဒီ Looper ရဲ့ အအို version ဖြစ်တဲ့ (၂၀၇၀)က ကောင်ကို သူ့အငယ် version (၂၀၄၄) ဆီပြန်ပို့ပြီး သတ်ပစ်တတ်ပါတယ်။
တစ်ရက်မှာ ဒီလိုပဲ ဇာတ်လိုက်ရဲ့ အငယ် version (Josef Gordon Levitt) တစ်ယောက် အကြီးကောင် (Bruce Willis) ကိုပြန်သတ်ဖို့ ဖြစ်လာတဲ့အခါမှာတော့ ဒီလို ပုံမှန် assassination မဟုတ်တော့ဘဲ future က ပြဿနာတွေပါ လိုက်ရှင်းရပါတယ်။ ...
Review နာမည်နဲ့လိုက်အောင် Loop ပတ်နေတဲ့ ဇာတ်လမ်းပါပဲ။
ဇာတ်လမ်းကို စဉ်းစားကြည့်ရင် ပုံမှန်ဆို အစမရှိ အဆုံးမရှိ လုံးဝ ပတ်လည်ရိုက်နေတဲ့ပုံပါပဲ။
ဇာတ်လမ်းက စ လာတည်းက ကြမ်းတာ။
Idea ကိုတော်တော်သဘောကျပါတယ်။ ဥပမာ အကြီးကောင်ကို လိုချင်လို့ အငယ်ကောင်ကို နှိပ်စက်တာ အကြီးကောင်မှာလည်း effect တွေသွားဖြစ်တာဆို တော်တော်ကြီး ကြမ်းတယ်။
အဲဒီလို awesomeness တွေ ကြည့်ပြီး တစ်ဝက်ကျော်လောက်မှာတော့ ပျင်းဖို့ကောင်းသွားတယ်။ ဇာတ်ကွက်အချို့ကိုလည်း မှန်းလို့ရတယ်။
အရမ်းကြီး ရှုပ်တဲ့ time travel stuff တွေ မသုံးဘဲ လုပ်ထားတော့ ကြည့်ရတာ အရမ်းကြီး ရှုပ်မနေသလို အရမ်းကြီးလည်း mind blown မဖြစ်ဘူး။
Visual effect တွေ သိပ်မပါပေမဲ့ တစ်ချို့အခန်းတွေက ဆွဲထားမှန်း အရမ်းသိသာတယ်။
နောက်ဆုံး တစ်ကောင်တည်း ပွဲကြမ်းတဲ့အခန်းက ကြည့်လည်းကောင်းသလို လွယ်လွန်းအားကြီးသလိုပဲ။
မင်းသား Josef Gordon-Levitt က ဒီကားမှာ Bruce Willis နဲ့တူအောင် နှုတ်ခမ်းတွေ မေးရိုးတွေကို ပြင်ထားတယ်။
ကျွန်တော့အတွက်တော့ နှစ်ယောက်သား အဲလောက်ကြီး တူမှာမတူမှာကို ဂရုစိုက်ဖြစ်ဘဲ ပြင်ထားတဲ့အတွက်
JGL ရဲ့ မျက်နှာက ထူးဆန်းပြီးတစ်ချက်တစ်ချက် မမှတ်မိတော့လောက်အောင် ရုပ်ဆိုးတယ်လို့ပဲ ထင်မိတယ်။
သရုပ်ဆောင်တာကိုလည်း သွားထိတယ်။
Bruce Willis ကြီးက တော်တော်မိုက်တယ်။
ကိုယ့် အငယ် version ကို တွေ့တော့ မင်းဘာသိလို့လည်း ငတုံး ဆိုပြီး ဖြစ်နေတာ badass ဖြစ်နေတာ သဘောကျတယ်။
Looper က အချိန်နှစ်ခုကြားက လူတစ်ယောက်တည်းအကြောင်းကို ရိုက်ထားတာပါ။
ရိုက်ထားတဲ့ ပုံစံ တင်ပြထားတဲ့ပုံစံကို သဘောကျတယ်။
ကြည့်ဖူးသမျှကားတွေထဲမှာ တော်တော်မိုက်တဲ့ကားပါ။
သို့ပေမဲ့ အရမ်းကောင်းတဲ့ လွန်အားကြီးတယ်ဆိုတဲ့ထဲတော့ မပါပါဘူး။
Sci-fi ကောင်းကောင်း ကြည့်ချင်တဲ့လူတွေ အတွက်ပါ။ ...
(ရုပ်ရှင်အညွှန်းကိုတော့ DatShin Facebook Page မှ ကူးယူဖော်ပြပါသည်)
Encoded by THZ
Credit - CM
Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
(zawgyi)
Looper (2012)
===========
Looper (2012)
===========
Time Travel နဲ႕ပတ္သက္တဲ့ကားတစ္ကားျဖစ္ပါတယ္။ 2044 မွာ အေျခတည္တယ္။
ဇာတ္လမ္းကေတာ့ အဲဒီအခ်ိန္မွာ Time machine ဆိုတာ မေပၚေသးေပမဲ့ ေနာက္ႏွစ္ (၃၀) ၾကာတဲ့အခါ ေပၚၿပီတဲ့။
Future (2070) ေတြမွာ Time machine ေပၚလာေပမဲ့ ခ်က္ခ်င္းပဲ တရားမဝင္ဆိုၿပီး ပိတ္ပင္ၾကတယ္။
အဲဒီအတြက္ လူဆိုးဂိုဏ္းအႀကီးႀကီးေတြက လွ်ို႔ဝွက္သုံးတယ္။
အဲဒီေခတ္မွာ လူတစ္ေယာက္ကို သတ္ၿပီး အစေဖ်ာက္ဖို႔ မလြယ္တဲ့အတြက္ သူူတို႔ေတြ သတ္ခ်င္တဲ့လူေတြကို ဖမ္း၊ ႀကိဳးတုပ္ၿပီး ဒီေန႕ေခတ္ (၂၀၄၄) က သတ္မွတ္ေနရာတစ္ခု (ဥပမာ ေျပာင္းခင္းေဘး) ကို ပို႔လိုက္တယ္။
အဲဒါကိုမွ Looper ဆိုတဲ့ေကာင္ေတြက အဲဒီေနရာေတြမွာေစာင့္ေနၿပီး ေပၚလာတဲ့ေကာင္ကို ပစ္သတ္၊ အစေဖ်ာက္ပစ္တယ္။
ေနာက္ သူတို႔နဲ႕ထည့္ေပးလိုက္တဲ့ ေငြျပား ေ႐ႊျပားေတြကို payment အျဖစ္ယူတယ္။
Future ကလည္း အဲဒီလိုလုပ္ေနရင္းနဲ႕ သူတို႔နဲ႕ အလုပ္လုပ္ေနတဲ့ looper ေတြနဲ႕ စာရင္းေျဖာက္ခ်င္၊ စာခ်ဳပ္ဖ်က္ခ်င္တဲ့အခါ အဲဒီ Looper ရဲ႕ အအို version ျဖစ္တဲ့ (၂၀၇၀)က ေကာင္ကို သူ႕အငယ္ version (၂၀၄၄) ဆီျပန္ပို႔ၿပီး သတ္ပစ္တတ္ပါတယ္။
တစ္ရက္မွာ ဒီလိုပဲ ဇာတ္လိုက္ရဲ႕ အငယ္ version (Josef Gordon Levitt) တစ္ေယာက္ အႀကီးေကာင္ (Bruce Willis) ကိုျပန္သတ္ဖို႔ ျဖစ္လာတဲ့အခါမွာေတာ့ ဒီလို ပုံမွန္ assassination မဟုတ္ေတာ့ဘဲ future က ျပႆနာေတြပါ လိုက္ရွင္းရပါတယ္။ ...
Review နာမည္နဲ႕လိုက္ေအာင္ Loop ပတ္ေနတဲ့ ဇာတ္လမ္းပါပဲ။
ဇာတ္လမ္းကို စဥ္းစားၾကည့္ရင္ ပုံမွန္ဆို အစမရွိ အဆုံးမရွိ လုံးဝ ပတ္လည္ရိုက္ေနတဲ့ပုံပါပဲ။
ဇာတ္လမ္းက စ လာတည္းက ၾကမ္းတာ။
Idea ကိုေတာ္ေတာ္သေဘာက်ပါတယ္။ ဥပမာ အႀကီးေကာင္ကို လိုခ်င္လို႔ အငယ္ေကာင္ကို ႏွိပ္စက္တာ အႀကီးေကာင္မွာလည္း effect ေတြသြားျဖစ္တာဆို ေတာ္ေတာ္ႀကီး ၾကမ္းတယ္။
အဲဒီလို awesomeness ေတြ ၾကည့္ၿပီး တစ္ဝက္ေက်ာ္ေလာက္မွာေတာ့ ပ်င္းဖို႔ေကာင္းသြားတယ္။ ဇာတ္ကြက္အခ်ိဳ႕ကိုလည္း မွန္းလို႔ရတယ္။
အရမ္းႀကီး ရႈပ္တဲ့ time travel stuff ေတြ မသုံးဘဲ လုပ္ထားေတာ့ ၾကည့္ရတာ အရမ္းႀကီး ရႈပ္မေနသလို အရမ္းႀကီးလည္း mind blown မျဖစ္ဘူး။
Visual effect ေတြ သိပ္မပါေပမဲ့ တစ္ခ်ိဳ႕အခန္းေတြက ဆြဲထားမွန္း အရမ္းသိသာတယ္။
ေနာက္ဆုံး တစ္ေကာင္တည္း ပြဲၾကမ္းတဲ့အခန္းက ၾကည့္လည္းေကာင္းသလို လြယ္လြန္းအားႀကီးသလိုပဲ။
မင္းသား Josef Gordon-Levitt က ဒီကားမွာ Bruce Willis နဲ႕တူေအာင္ ႏႈတ္ခမ္းေတြ ေမးရိုးေတြကို ျပင္ထားတယ္။
ကြၽန္ေတာ့အတြက္ေတာ့ ႏွစ္ေယာက္သား အဲေလာက္ႀကီး တူမွာမတူမွာကို ဂ႐ုစိုက္ျဖစ္ဘဲ ျပင္ထားတဲ့အတြက္
JGL ရဲ႕ မ်က္ႏွာက ထူးဆန္းၿပီးတစ္ခ်က္တစ္ခ်က္ မမွတ္မိေတာ့ေလာက္ေအာင္ ႐ုပ္ဆိုးတယ္လို႔ပဲ ထင္မိတယ္။
သ႐ုပ္ေဆာင္တာကိုလည္း သြားထိတယ္။
Bruce Willis ႀကီးက ေတာ္ေတာ္မိုက္တယ္။
ကိုယ့္ အငယ္ version ကို ေတြ႕ေတာ့ မင္းဘာသိလို႔လည္း ငတုံး ဆိုၿပီး ျဖစ္ေနတာ badass ျဖစ္ေနတာ သေဘာက်တယ္။
Looper က အခ်ိန္ႏွစ္ခုၾကားက လူတစ္ေယာက္တည္းအေၾကာင္းကို ရိုက္ထားတာပါ။
ရိုက္ထားတဲ့ ပုံစံ တင္ျပထားတဲ့ပုံစံကို သေဘာက်တယ္။
ၾကည့္ဖူးသမွ်ကားေတြထဲမွာ ေတာ္ေတာ္မိုက္တဲ့ကားပါ။
သို႔ေပမဲ့ အရမ္းေကာင္းတဲ့ လြန္အားႀကီးတယ္ဆိုတဲ့ထဲေတာ့ မပါပါဘူး။
Sci-fi ေကာင္းေကာင္း ၾကည့္ခ်င္တဲ့လူေတြ အတြက္ပါ။ ...
(႐ုပ္ရွင္အၫႊန္းကိုေတာ့ DatShin Facebook Page မွ ကူးယူေဖာ္ျပပါသည္)
Encoded by THZ
Credit - CM
Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI



Post a Comment