Facebook

Home » » But Always (2014)

But Always (2014)


(unicode)
But Always (2014)
=============
တရုတ်ပြည်ရဲ့ ဘေဂျင်းမြို့ကလေးက ကျောင်းလေးတစ်ကျောင်းမှာ ကောင်မလေးတစ်ယောက်နောက် တစ်ကောက်ကောက်လိုက်တတ်တဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ဖူးပါတယ်။
အရှေ့လေတွေတိုက်ပြီးနှင်းတွေဝေနေအောင်ကြနေတဲ့ နေ့တွေမျိုးမှာ စောင်အပေါက်ကလေးနဲ့ ရှင်သန်နေရတဲ့ကောင်ကလေးရယ် ဟောင်ကောင်ကနေ ကျောင်းပြောင်းလာတဲ့ ကောင်မလေးရယ်ကြားထဲက တူညီမှုတစ်ခုကတော့ နှစ်ဦးနှစ်ယောက်စလုံးမှာ အမေဆိုတာ မရှိတော့ခြင်းပါပဲ။
တစ်ယောက်ကိုတစ်ယောက် တွယ်တာခဲ့ပြီးမှ  ကောင်ကလေးရဲ့ အဘွားသေသွားတဲ့နောက် သူ့ဦးလေးလာခေါ်သွားတဲ့အချိန်မှာ နှုတ်ဆက်စကားတွေတောင်မရှိပဲဝေးသွားခဲ့ကြပါသတဲ့။
နှစ်တွေကြာပြီးတဲ့နောက် မိုးမှုန်တွေ ကျပ်သီးနေအောင်ကျနေတဲ့ ညနေဘက်တစ်ခုမှာ  မြိုကလေးကိုပြန်ရောက်လာတဲ့ ကောင်လေးနဲ့ ကောင်မလေးနဲ့ထပ်ဆုံတွေ့ ခဲ့ပါတယ်။
ကောင်မလေးက ဆေးကျောင်းပြီးတော့မယ့်လုဆဲဆဲ အမေရိကသွားတော့မယ့်လု ဆဲဆဲမှာပါ။
အဖေသာရှိတဲ့ကောင်မလေးနဲ့ မိဘမရှိတော့တဲ့ ကောင်လေးတို့ နှစ်ဦးသားအတွက် တစ်ယောက်ကတစ်ယောက် မိသားစုလိုဖြစ်ခဲ့ကြပါတယ်တဲ့။ ချစ်သူတွေလည်းဖြစ်ခဲ့ကြပါတယ်။
ကောင်လေးအတွက် အမေရိကကို မသွားဖို့ဆုံးဖြတ်လိုက်တဲ့ ကောင်မလေးဟာ သူ့အဖေကိုတွေ့ဖို့ ချိန်းဆိုထားတဲ့ တစ်ခုသောမိုးညမှာ ထီးလေးတစ်ချောင်းနဲ့ ရပ်စောင့်နေခဲ့ပါတယ်။
ကောင်ကလေးကတော့ ရောက်မလာခဲ့ပါဘူး။
အမေရိကမှာ အလုပ်လုပ်ရင်း ကျောင်းတက်နေခဲ့တဲ့ ကောင်မလေးဟာ သူ့လိုအလုပ်လုပ်နေတဲ့ ပန်းချီဆရာ တစ်ယောက်နဲ့ရင်းနှီးခဲ့ပါတယ်။
အဖေလည်းမရှိတော့တာကြောင့် ရုန်းရင်းကန်ရင်း သူ့ဘဝထဲကို ကောင်လေးပြန်ရောက်လာခဲ့ပါတယ်။
ဒီတစ်ခါမှာတော့......
ကောင်လေးဟာ သိပ်ချမ်းသာတဲ့သူေဋ္ဌးတစ်ယောက်ဖြစ်နေပြီး ကောင်မလေးကိုလည်းချစ်နေဆဲပါ ကောင်မလေးစိတ်ထဲကတစ်ဦးတည်းသော သူဟာလည်းကောင်လေးဖြစ်နေဆဲပါပဲ။
တစ်ယောက်ကတစ်ယောက်ဆီ လာခဲ့သလို တစ်ယောက်ကတစ်ယောက်ကို စောင့်နေခဲ့ဆဲပါပဲ......
သူတို့တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ခဲ့ကြပါတယ်
ဒါဆိုရင်... ကံတရားကရော....။
ဘဝမှာ တစ်ခါတော့ လူတိုင်းက ခမ်းနားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ ထိုက်တန်ကြပါတယ်။
ခမ်းနားတဲ့အချစ်ဇာတ်လမ်းဆိုတာ ကြေကွဲရမလား ကြည်နူးရမလား အတပ်မပြောနိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ဘဝတွေမှာ  တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ဟာ တစ်ခါလောက်တော့ ကိုယ့်ဘဝမှာကိုယ်
ရိုမီရိုတွေ ဂျူးလိယက်တွေ
ဂျက်နဲ့ရို့စ်တွေ တစ်ခါစီတော့ဖြစ်ဖူးကြမှာပါပဲ။
ခမ်းနားမှုအများစုကတော့ ဘယ်အခါမှာမှ ပျော်ရွှင်စွာဇာတ်သိမ်းခဲ့ကြလေသတည်းမရှိခဲ့ပါဘူး။
ဘယ်လိုတွေပဲ ခံစားကြရကြရ အများစုကတော့ အချစ်ဆိုတာကို ရူးသွပ်နေကြဦးမှာပဲမလား။
ဒီတော့ ဒီရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ ခင်ဗျား
စီးကရက်တစ်လိပ်ကို ခပ်ပါးပါးဖွာရင်း
မထိုက်ခဲ့တဲ့ဲပန်းတွေအကြောင်းတွေးရင်း
မျက်ရည်ကျမိချင်လည်းကျမိလိမ့်မပေါ့။
(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)
Translated by WiRa Aung
Encoded by Naing Aung Latt

Credit - CM


File size - 868MB
ဒီမှာဒေါင်းပါ - https://mm1ink.net/2Ioyi7UM

File size - 356MB
ဒီမှာဒေါင်းပါ - https://mm1ink.net/QYVTD






မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs

Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
   




(zawgyi)
But Always (2014)
=============
တ႐ုတ္ျပည္ရဲ႕ ေဘဂ်င္းၿမိဳ႕ကေလးက ေက်ာင္းေလးတစ္ေက်ာင္းမွာ ေကာင္မေလးတစ္ေယာက္ေနာက္ တစ္ေကာက္ေကာက္လိုက္တတ္တဲ့ ေကာင္ေလးတစ္ေယာက္ရွိခဲ့ဖူးပါတယ္။
အေရွ႕ေလေတြတိုက္ၿပီးႏွင္းေတြေဝေနေအာင္ၾကေနတဲ့ ေန႕ေတြမ်ိဳးမွာ ေစာင္အေပါက္ကေလးနဲ႕ ရွင္သန္ေနရတဲ့ေကာင္ကေလးရယ္ ေဟာင္ေကာင္ကေန ေက်ာင္းေျပာင္းလာတဲ့ ေကာင္မေလးရယ္ၾကားထဲက တူညီမႈတစ္ခုကေတာ့ ႏွစ္ဦးႏွစ္ေယာက္စလုံးမွာ အေမဆိုတာ မရွိေတာ့ျခင္းပါပဲ။
တစ္ေယာက္ကိုတစ္ေယာက္ တြယ္တာခဲ့ၿပီးမွ  ေကာင္ကေလးရဲ႕ အဘြားေသသြားတဲ့ေနာက္ သူ႕ဦးေလးလာေခၚသြားတဲ့အခ်ိန္မွာ ႏႈတ္ဆက္စကားေတြေတာင္မရွိပဲေဝးသြားခဲ့ၾကပါသတဲ့။
ႏွစ္ေတြၾကာၿပီးတဲ့ေနာက္ မိုးမႈန္ေတြ က်ပ္သီးေနေအာင္က်ေနတဲ့ ညေနဘက္တစ္ခုမွာ  ၿမိဳကေလးကိုျပန္ေရာက္လာတဲ့ ေကာင္ေလးနဲ႕ ေကာင္မေလးနဲ႕ထပ္ဆုံေတြ႕ ခဲ့ပါတယ္။
ေကာင္မေလးက ေဆးေက်ာင္းၿပီးေတာ့မယ့္လုဆဲဆဲ အေမရိကသြားေတာ့မယ့္လု ဆဲဆဲမွာပါ။
အေဖသာရွိတဲ့ေကာင္မေလးနဲ႕ မိဘမရွိေတာ့တဲ့ ေကာင္ေလးတို႔ ႏွစ္ဦးသားအတြက္ တစ္ေယာက္ကတစ္ေယာက္ မိသားစုလိုျဖစ္ခဲ့ၾကပါတယ္တဲ့။ ခ်စ္သူေတြလည္းျဖစ္ခဲ့ၾကပါတယ္။
ေကာင္ေလးအတြက္ အေမရိကကို မသြားဖို႔ဆုံးျဖတ္လိုက္တဲ့ ေကာင္မေလးဟာ သူ႕အေဖကိုေတြ႕ဖို႔ ခ်ိန္းဆိုထားတဲ့ တစ္ခုေသာမိုးညမွာ ထီးေလးတစ္ေခ်ာင္းနဲ႕ ရပ္ေစာင့္ေနခဲ့ပါတယ္။
ေကာင္ကေလးကေတာ့ ေရာက္မလာခဲ့ပါဘူး။
အေမရိကမွာ အလုပ္လုပ္ရင္း ေက်ာင္းတက္ေနခဲ့တဲ့ ေကာင္မေလးဟာ သူ႕လိုအလုပ္လုပ္ေနတဲ့ ပန္းခ်ီဆရာ တစ္ေယာက္နဲ႕ရင္းႏွီးခဲ့ပါတယ္။
အေဖလည္းမရွိေတာ့တာေၾကာင့္ ႐ုန္းရင္းကန္ရင္း သူ႕ဘဝထဲကို ေကာင္ေလးျပန္ေရာက္လာခဲ့ပါတယ္။
ဒီတစ္ခါမွာေတာ့......
ေကာင္ေလးဟာ သိပ္ခ်မ္းသာတဲ့သူေ႒းတစ္ေယာက္ျဖစ္ေနၿပီး ေကာင္မေလးကိုလည္းခ်စ္ေနဆဲပါ ေကာင္မေလးစိတ္ထဲကတစ္ဦးတည္းေသာ သူဟာလည္းေကာင္ေလးျဖစ္ေနဆဲပါပဲ။
တစ္ေယာက္ကတစ္ေယာက္ဆီ လာခဲ့သလို တစ္ေယာက္ကတစ္ေယာက္ကို ေစာင့္ေနခဲ့ဆဲပါပဲ......
သူတို႔တစ္ေယာက္နဲ႕တစ္ေယာက္ သိပ္ခ်စ္ခဲ့ၾကပါတယ္
ဒါဆိုရင္... ကံတရားကေရာ....။
ဘဝမွာ တစ္ခါေတာ့ လူတိုင္းက ခမ္းနားတဲ့အခ်စ္ဇာတ္လမ္းတစ္ပုဒ္နဲ႕ ထိုက္တန္ၾကပါတယ္။
ခမ္းနားတဲ့အခ်စ္ဇာတ္လမ္းဆိုတာ ေၾကကြဲရမလား ၾကည္ႏူးရမလား အတပ္မေျပာနိုင္ပါဘူး။
ဘာပဲျဖစ္ျဖစ္ပါ ကြၽန္ေတာ္တို႔ဘဝေတြမွာ  တစ္ခ်ိန္ခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔ဟာ တစ္ခါေလာက္ေတာ့ ကိုယ့္ဘဝမွာကိုယ္
ရိုမီရိုေတြ ဂ်ဴးလိယက္ေတြ
ဂ်က္နဲ႕ရို႔စ္ေတြ တစ္ခါစီေတာ့ျဖစ္ဖူးၾကမွာပါပဲ။
ခမ္းနားမႈအမ်ားစုကေတာ့ ဘယ္အခါမွာမွ ေပ်ာ္႐ႊင္စြာဇာတ္သိမ္းခဲ့ၾကေလသတည္းမရွိခဲ့ပါဘူး။
ဘယ္လိုေတြပဲ ခံစားၾကရၾကရ အမ်ားစုကေတာ့ အခ်စ္ဆိုတာကို ႐ူးသြပ္ေနၾကဦးမွာပဲမလား။
ဒီေတာ့ ဒီ႐ုပ္ရွင္ကိုၾကည့္ၿပီးတဲ့အခါ ခင္ဗ်ား
စီးကရက္တစ္လိပ္ကို ခပ္ပါးပါးဖြာရင္း
မထိုက္ခဲ့တဲ့ဲပန္းေတြအေၾကာင္းေတြးရင္း
မ်က္ရည္က်မိခ်င္လည္းက်မိလိမ့္မေပါ့။
(အၫႊန္းနဲ႕ဘာသာျပန္သူကေတာ့ WiRa Aung ျဖစ္ပါတယ္)
Translated by WiRa Aung
Encoded by Naing Aung Latt

Credit - CM


File size - 868MB
ဒီမွာေဒါင္းပါ - https://mm1ink.net/2Ioyi7UM

File size - 356MB
ဒီမွာေဒါင္းပါ - https://mm1ink.net/QYVTD






မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs

Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
   






Share this article :

Post a Comment