Facebook

Home » » Happy New Year (2014)

Happy New Year (2014)


(unicode)
Happy New Year (2014)
+++++++++++++++++++++++++
အလုပ်ပိတ်ရက်မှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ဖို့ စိတ်ကူးထားရင်တော့ ရုံတင်နေပြီဖြစ်တဲ့
ဂီတ ဟာသဘောလိဝုဒ် ရုပ်ရှင်ကားလေးက စိတ်ကြည်နူးပျော်ရွှင် စေနိုင်မှာပါ။ နာမည်ကြီး သရုပ် ဆောင်တွေ ဖြစ်တဲ့ ရှာရွတ်ခန်း၊ အဘီရှက် ဘက်ချန်း၊ ဒီပီကာ ပါဒူကုန်း၊ ဘိုးမန်းအီရာနီ တို့တစ်တွေကို တစုတစည်းတည်း ကြည့် ရှုရမှာပါ။
ချာလီလို့ လူသိများတဲ့ ချန် ဒရာမိုဟန်မန်နိုဟာရှာမာဟာ ချာ ရန်ဂရိုဗာဆိုသူကို လက်စားချေ ဖို့အတွက် ဖိုက်တာတစ်ယောက် အနေနဲ့ ရှစ်နှစ်နီးပါး စောင့်ဆိုင်း နေခဲ့ပါတယ်။ သူ့အဖေဖြစ်သူကို ရှာလီမာစိန်တွေ ခိုးယူတယ်ဆိုပြီး ချာရန်ဂရိုဗာက စွပ်စွဲခဲ့လို့ သူ့အ ဖေဟာ သူခိုးတစ်ယောက်အဖြစ် နာမည်ဆိုးတွင်ကျန်ခဲ့ရတဲ့အ တွက်ပဲ ဖြစ်ပါတယ်။
ချာလီဟာ သတင်းတစ်ခု ဖတ်ရင်း ခရစ္စမတ်နေ့ မတိုင်ခင် တစ်ရက်မှာ အတ္တလန္တိတ်ဟိုတယ် ကို စိန်တွေ ရောက်ရှိမယ်ဆိုတာ သိရှိခဲ့တာကြောင့် ခိုးယူဖို့ ကြိုး စားပြီး ဂရိုဗာကို အမှုဆင်ဖို့ ကြံ စည်ခဲ့ပါတယ်။ သူလှုပ်ရှားဖို့အ တွက် အဖွဲ့ဖွဲ့ခဲ့ပြီး အဲဒီအဖွဲ့ထဲ မှာ အကြားအာရုံချို့တဲ့တဲ့ ဂျက်ဂ်၊ အဝလွန်နေတဲ့ တမ်မီ၊ ဟက်ကာ တစ်ယောက်ဖြစ်တဲ့ ရိုဟန်ဆင်း တို့ ပါဝင်ပါတယ်။
ပြဿသ နာတစ်ခုက ဂရိုဗာရဲ့ မြေအောက်ခန်းကို ဝင်ဖို့ရာမှာ လက်ဗွေလိုအပ်ပြီး အဲဒီအခန်းကို အချိန်တိုင်း ဝင်ထွက်ခွင့်ရတာက ဂရိုမာရဲ့သား ဗစ်ကီတစ်ယောက်ပဲရှိတာကြောင့် သူနဲ့ ရုပ်ချင်းဆင်တဲ့ နန်ဒုဘီဟိုက်ရဲ့ အကူအညီယူဖို့ လုပ်ဆောင်ပါတော့တယ်။ ဆာလီတို့အဖွဲ့ဟာ ဂိုဒေါင်တစ်ခုတည်းမှာ စစ်ဆင်ရေး အကြိုလေ့ကျင့်ခဲ့ပြီး အတ္တလနိ္တတ်ဟိုတယ်ထဲက စိန်ထည့်တဲ့နေရာမှာ အားနည်းချက်ကိုပါ တွေ့ရှိခဲ့ကြပါတယ်။ စိန်တွေထားတဲ့အခန်းဟာ အခန်း 9C နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပြီး အဲဒီအခန်းဟာ အကပြိုင်ပွဲမှာ ဆုရမှသာလျှင် ဖွင့်ပေးမှာဖြစ် ပေမယ့် သူတို့တစ်ဖွဲ့လုံး မကတတ်ကြပါဘူး။ ဒီလိုနဲ့ အဲဒီအခန်းထဲဝင်ဖို့အတွက် အကပြိုင်ကြဖို့ လုပ်ဆောင်ခဲ့ကြပြီး ဘားကချေသည် မိုဟီနီဂျိုရှီဆီကနေ အကသင်ယူကြရပါတယ်။
စိန်ခိုးဖို့ လုပ်ရာကနေ အကပြိုင်ကြရင်း ချာလီတို့အဖွဲ့ ဘာတွေဖြစ်ကုန်မလဲ၊ ဂရိုဗာကိုရော လက်စားချေနိုင်သလား။အတိုက်အခိုက်တွေကြားက ဟာသပြကွက်တွေ၊ အကပြကွက်တွေ ရှုစားရမှာမို့ ဘောလိဝုဒ်ရသတော့ အပြည့်အဝခံစားရမှာပါ။
အိန္ဒိယဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အကအလှတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ရိုက်ကွင်းအများစုဟာ ဒူဘိုင်းက Atlantis, the Palm ဟိုတယ်မှာ ရိုက်ကူးထားပြီး ဇာတ်လမ်းရိုက်ကူးနေစဉ်အတွင်း မင်းသား ရှရွတ်ခန်း လက်မောင်းပြုတ်သွားခဲ့ပါသေးတယ်။ ဘောလိဝုဒ်မှာ လောလောဆယ် Dhoom 3၊ Chennai Express နဲ့ 3 Idiots တို့နောက် နံပါတ် ၄ ဝင်ငွေအများဆုံးအဖြစ် ရပ်တည်နေပါတယ်။ ဒူဘိုင်းရဲ့ အလှအပတွေနဲ့ အိန္ဒိယအကတွေကို ဟာသနဲ့ အက်ရှင်တွေ ရောညှပ်ပြီး ရိုက်ကူးထားတာမို့ အတော်လေး ကြည့်လို့ကောင်းပါတယ်။ စိတ်ပြေလက်ပျောက်၊ အပန်းဖြေ ကြည့်ချင်သူတွေ၊ ဟာသကား ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကား တစ်ကားပါ။
(ရုပ်ရှင်အညွှန်းကို 7Daily မှကူးယူဖော်ပြပါသည်။)

Credit




File size - 2.53GB
ဒီမှာဒေါင်းပါ - https://mm1ink.net/B85lL5





File size - 1.16GB
ဒီမှာဒေါင်းပါ - https://mm1ink.net/RXYQqD3







မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs

Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI








(zawgyi)
Happy New Year (2014)
+++++++++++++++++++++++++
အလုပ္ပိတ္ရက္မွာ မိသားစုနဲ႕ ႐ုပ္ရွင္ၾကည့္ဖို႔ စိတ္ကူးထားရင္ေတာ့ ႐ုံတင္ေနၿပီျဖစ္တဲ့
ဂီတ ဟာသေဘာလိဝုဒ္ ႐ုပ္ရွင္ကားေလးက စိတ္ၾကည္ႏူးေပ်ာ္႐ႊင္ ေစနိုင္မွာပါ။ နာမည္ႀကီး သ႐ုပ္ ေဆာင္ေတြ ျဖစ္တဲ့ ရွာ႐ြတ္ခန္း၊ အဘီရွက္ ဘက္ခ်န္း၊ ဒီပီကာ ပါဒူကုန္း၊ ဘိုးမန္းအီရာနီ တို႔တစ္ေတြကို တစုတစည္းတည္း ၾကည့္ ရႈရမွာပါ။
ခ်ာလီလို႔ လူသိမ်ားတဲ့ ခ်န္ ဒရာမိုဟန္မန္နိုဟာရွာမာဟာ ခ်ာ ရန္ဂရိုဗာဆိုသူကို လက္စားေခ် ဖို႔အတြက္ ဖိုက္တာတစ္ေယာက္ အေနနဲ႕ ရွစ္ႏွစ္နီးပါး ေစာင့္ဆိုင္း ေနခဲ့ပါတယ္။ သူ႕အေဖျဖစ္သူကို ရွာလီမာစိန္ေတြ ခိုးယူတယ္ဆိုၿပီး ခ်ာရန္ဂရိုဗာက စြပ္စြဲခဲ့လို႔ သူ႕အ ေဖဟာ သူခိုးတစ္ေယာက္အျဖစ္ နာမည္ဆိုးတြင္က်န္ခဲ့ရတဲ့အ တြက္ပဲ ျဖစ္ပါတယ္။
ခ်ာလီဟာ သတင္းတစ္ခု ဖတ္ရင္း ခရစၥမတ္ေန႕ မတိုင္ခင္ တစ္ရက္မွာ အတၱလႏၱိတ္ဟိုတယ္ ကို စိန္ေတြ ေရာက္ရွိမယ္ဆိုတာ သိရွိခဲ့တာေၾကာင့္ ခိုးယူဖို႔ ႀကိဳး စားၿပီး ဂရိုဗာကို အမႈဆင္ဖို႔ ႀကံ စည္ခဲ့ပါတယ္။ သူလႈပ္ရွားဖို႔အ တြက္ အဖြဲ႕ဖြဲ႕ခဲ့ၿပီး အဲဒီအဖြဲ႕ထဲ မွာ အၾကားအာ႐ုံခ်ိဳ႕တဲ့တဲ့ ဂ်က္ဂ္၊ အဝလြန္ေနတဲ့ တမ္မီ၊ ဟက္ကာ တစ္ေယာက္ျဖစ္တဲ့ ရိုဟန္ဆင္း တို႔ ပါဝင္ပါတယ္။
ျပႆသ နာတစ္ခုက ဂရိုဗာရဲ႕ ေျမေအာက္ခန္းကို ဝင္ဖို႔ရာမွာ လက္ေဗြလိုအပ္ၿပီး အဲဒီအခန္းကို အခ်ိန္တိုင္း ဝင္ထြက္ခြင့္ရတာက ဂရိုမာရဲ႕သား ဗစ္ကီတစ္ေယာက္ပဲရွိတာေၾကာင့္ သူနဲ႕ ႐ုပ္ခ်င္းဆင္တဲ့ နန္ဒုဘီဟိုက္ရဲ႕ အကူအညီယူဖို႔ လုပ္ေဆာင္ပါေတာ့တယ္။ ဆာလီတို႔အဖြဲ႕ဟာ ဂိုေဒါင္တစ္ခုတည္းမွာ စစ္ဆင္ေရး အႀကိဳေလ့က်င့္ခဲ့ၿပီး အတၱလနိၱတ္ဟိုတယ္ထဲက စိန္ထည့္တဲ့ေနရာမွာ အားနည္းခ်က္ကိုပါ ေတြ႕ရွိခဲ့ၾကပါတယ္။ စိန္ေတြထားတဲ့အခန္းဟာ အခန္း 9C နဲ႕ ခ်ိတ္ဆက္ထားတာ ျဖစ္ၿပီး အဲဒီအခန္းဟာ အကၿပိဳင္ပြဲမွာ ဆုရမွသာလွ်င္ ဖြင့္ေပးမွာျဖစ္ ေပမယ့္ သူတို႔တစ္ဖြဲ႕လုံး မကတတ္ၾကပါဘူး။ ဒီလိုနဲ႕ အဲဒီအခန္းထဲဝင္ဖို႔အတြက္ အကၿပိဳင္ၾကဖို႔ လုပ္ေဆာင္ခဲ့ၾကၿပီး ဘားကေခ်သည္ မိုဟီနီဂ်ိဳရွီဆီကေန အကသင္ယူၾကရပါတယ္။
စိန္ခိုးဖို႔ လုပ္ရာကေန အကၿပိဳင္ၾကရင္း ခ်ာလီတို႔အဖြဲ႕ ဘာေတြျဖစ္ကုန္မလဲ၊ ဂရိုဗာကိုေရာ လက္စားေခ်နိဳင္သလား။အတိုက္အခိုက္ေတြၾကားက ဟာသျပကြက္ေတြ၊ အကျပကြက္ေတြ ရႈစားရမွာမို႔ ေဘာလိဝုဒ္ရသေတာ့ အျပည့္အဝခံစားရမွာပါ။
အိႏၵိယဇာတ္ကားေတြရဲ႕ ထုံးစံအတိုင္း အကအလွေတြနဲ႕ တန္ဆာဆင္ထားပါတယ္။ ရိုက္ကြင္းအမ်ားစုဟာ ဒူဘိုင္းက Atlantis, the Palm ဟိုတယ္မွာ ရိုက္ကူးထားၿပီး ဇာတ္လမ္းရိုက္ကူးေနစဥ္အတြင္း မင္းသား ရွ႐ြတ္ခန္း လက္ေမာင္းျပဳတ္သြားခဲ့ပါေသးတယ္။ ေဘာလိဝုဒ္မွာ ေလာေလာဆယ္ Dhoom 3၊ Chennai Express နဲ႕ 3 Idiots တို႔ေနာက္ နံပါတ္ ၄ ဝင္ေငြအမ်ားဆုံးအျဖစ္ ရပ္တည္ေနပါတယ္။ ဒူဘိုင္းရဲ႕ အလွအပေတြနဲ႕ အိႏၵိယအကေတြကို ဟာသနဲ႕ အက္ရွင္ေတြ ေရာညွပ္ၿပီး ရိုက္ကူးထားတာမို႔ အေတာ္ေလး ၾကည့္လို႔ေကာင္းပါတယ္။ စိတ္ေျပလက္ေပ်ာက္၊ အပန္းေျဖ ၾကည့္ခ်င္သူေတြ၊ ဟာသကား ႀကိဳက္တတ္သူေတြ ၾကည့္သင့္တဲ့ ဇာတ္ကား တစ္ကားပါ။
(႐ုပ္ရွင္အၫႊန္းကို 7Daily မွကူးယူေဖာ္ျပပါသည္။)

Credit




File size - 2.53GB
ဒီမွာေဒါင္းပါ - https://mm1ink.net/B85lL5





File size - 1.16GB
ဒီမွာေဒါင္းပါ - https://mm1ink.net/RXYQqD3







မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs

Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI






Share this article :

Post a Comment