Facebook

Home » » Kahaani (2012)

Kahaani (2012)


(unicode)
Kahaani (2012)
============
IMDb Rating (8.1)
၂၀၁၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Kahaani ဆိုတဲ့ အိန္ဒိယဇာတ်လမ်းလေးကတော့ သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးဖြစ်ပေမဲ့ မင်းသားဟီးရိုးလုပ်လေ့ရှိတဲ့ တခြား အိန္ဒိယဇာတ်လမ်းတွေနဲ့ ကွာပါတယ်။
ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်က မင်းသမီးပါ၊ မင်းသမီးဇာတ်ပေါ့။ ပိုထူးခြားတာက အဲဒီအဓိကဇာတ်ကောင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ဖြစ်နေတာပါပဲ။
Kahaani ဇာတ်လမ်းကို ရုံတင်ပြသချိန်က ရက် ၅၀ အတွင်းမှာပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်း ဝင်ငွေရရှိခဲ့ပါတယ်။ ပြီးတော့ အကောင်းဆုံးမင်းသမီးဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေအပါအဝင် အိန္ဒိယပြည်တွင်းကပေးတဲ့ ဆုပေါင်းများစွာကိုလည်း ရရှိထားပါတယ်။
ဇာတ်လမ်းထဲမှာတော့ ခင်ပွန်းသည်ပျောက်ဆုံးမှုကြောင့် လန်ဒန်ကနေ အိန္ဒိယနိုင်ငံ ကောကတ်တာမြို့အထိ ရောက်လာတဲ့ မတ်မတ်ဗိုက်တစ်ယောက် ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာလဲ၊
ဘယ်သူကရန်သူ ဘယ်သူက မိတ်ဆွေဖြစ်လာမလဲ၊
လူပေါင်းများစွာကို သေစေခဲ့တဲ့ အဆိပ်ငွေ့တိုက်ခိုက်မှုကြီးနဲ့ ဘယ်လိုဆက်နွယ်ပတ်သက်နေသလဲဆိုတာတွေကို
စိတ်ဝင်စားဖွယ်ရာ ကြည့်ရူရမှာပါ။
အဲဒီထက်စိတ်ဝင်စားစရာကောင်းတာက မတ်မတ်ဗိုက်မှာရော ဘယ်လိုလှည့်ကွက်လေးတွေရှိနေမလဲဆိုတဲ့အချက်ပါ။
အဲဒါကိုသိရဖို့တော့ ကိုယ့်ဘာသာကိုယ်ပဲ ရင်တထိတ်ထိတ်ကြည့်ရှုလိုက်ပါနော်
အိနိ္ဒယကားတွေရဲ့ထုံးစံအတိုင်း ဒရမ်မာလေးနည်းနည်းပါပေမဲ့ အရမ်းကြီးဒရမ်မာချိုးတာမျိုး မရှိပါဘူး။
သည်းထိတ်ရင်ဖို အမှုလိုက်ခန်းတွေမှာ ဒရမ်မာလေး နည်းနည်းပါးပါးဖောက်ထားရုံလောက်ပါပဲ။
နောက်ပြီး ထကတဲ့ဇာတ်ဝင်ခန်းတွေမပါတာကြောင့် တခြားအိန္ဒိယဇာတ်လမ်းတွေထက် ပိုထူးခြားတယ်လို့ ဆိုရမှာပါ။
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Cherry Mon ဖြစ်ပါတယ်။)














Credit









File size -1.09GB
ဒီမှာဒေါင်းပါ - https://mm1ink.info/pd0Mb














File size -674MB
ဒီမှာဒေါင်းပါ - https://mm1ink.info/RZHMg


















မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
   












(zawgyi)
Kahaani (2012)
============
IMDb Rating (8.1)
၂၀၁၂ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Kahaani ဆိုတဲ့ အိႏၵိယဇာတ္လမ္းေလးကေတာ့ သည္းထိတ္ရင္ဖိုဇာတ္လမ္းမ်ိဳးျဖစ္ေပမဲ့ မင္းသားဟီးရိုးလုပ္ေလ့ရွိတဲ့ တျခား အိႏၵိယဇာတ္လမ္းေတြနဲ႕ ကြာပါတယ္။
ဇာတ္လမ္းထဲမွာ အဓိကဇာတ္ေဆာင္က မင္းသမီးပါ၊ မင္းသမီးဇာတ္ေပါ့။ ပိုထူးျခားတာက အဲဒီအဓိကဇာတ္ေကာင္က ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ေနတာပါပဲ။
Kahaani ဇာတ္လမ္းကို ႐ုံတင္ျပသခ်ိန္က ရက္ ၅၀ အတြင္းမွာပဲ တစ္ကမၻာလုံးအတိုင္းအတာနဲ႕ အေမရိကန္ေဒၚလာ ၁၄ သန္း ဝင္ေငြရရွိခဲ့ပါတယ္။ ၿပီးေတာ့ အေကာင္းဆုံးမင္းသမီးဆုနဲ႕ အေကာင္းဆုံး ဒါရိုက္တာဆုေတြအပါအဝင္ အိႏၵိယျပည္တြင္းကေပးတဲ့ ဆုေပါင္းမ်ားစြာကိုလည္း ရရွိထားပါတယ္။
ဇာတ္လမ္းထဲမွာေတာ့ ခင္ပြန္းသည္ေပ်ာက္ဆုံးမႈေၾကာင့္ လန္ဒန္ကေန အိႏၵိယနိုင္ငံ ေကာကတ္တာၿမိဳ႕အထိ ေရာက္လာတဲ့ မတ္မတ္ဗိုက္တစ္ေယာက္ ဘယ္လို အႏၱရာယ္ေတြနဲ႕ ရင္ဆိုင္ရမွာလဲ၊
ဘယ္သူကရန္သူ ဘယ္သူက မိတ္ေဆြျဖစ္လာမလဲ၊
လူေပါင္းမ်ားစြာကို ေသေစခဲ့တဲ့ အဆိပ္ေငြ႕တိုက္ခိုက္မႈႀကီးနဲ႕ ဘယ္လိုဆက္ႏြယ္ပတ္သက္ေနသလဲဆိုတာေတြကို
စိတ္ဝင္စားဖြယ္ရာ ၾကည့္႐ူရမွာပါ။
အဲဒီထက္စိတ္ဝင္စားစရာေကာင္းတာက မတ္မတ္ဗိုက္မွာေရာ ဘယ္လိုလွည့္ကြက္ေလးေတြရွိေနမလဲဆိုတဲ့အခ်က္ပါ။
အဲဒါကိုသိရဖို႔ေတာ့ ကိုယ့္ဘာသာကိုယ္ပဲ ရင္တထိတ္ထိတ္ၾကည့္ရႈလိုက္ပါေနာ္
အိနိၵယကားေတြရဲ႕ထုံးစံအတိုင္း ဒရမ္မာေလးနည္းနည္းပါေပမဲ့ အရမ္းႀကီးဒရမ္မာခ်ိဳးတာမ်ိဳး မရွိပါဘူး။
သည္းထိတ္ရင္ဖို အမႈလိုက္ခန္းေတြမွာ ဒရမ္မာေလး နည္းနည္းပါးပါးေဖာက္ထား႐ုံေလာက္ပါပဲ။
ေနာက္ၿပီး ထကတဲ့ဇာတ္ဝင္ခန္းေတြမပါတာေၾကာင့္ တျခားအိႏၵိယဇာတ္လမ္းေတြထက္ ပိုထူးျခားတယ္လို႔ ဆိုရမွာပါ။
(႐ုပ္ရွင္အၫႊန္းနဲ႕ ဘာသာျပန္တင္ဆက္ထားသူကေတာ့ Cherry Mon ျဖစ္ပါတယ္။)














Credit









File size -1.09GB
ဒီမွာေဒါင္းပါ - https://mm1ink.info/pd0Mb














File size -674MB
ဒီမွာေဒါင္းပါ - https://mm1ink.info/RZHMg


















မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
   









Share this article :

Post a Comment