(unicode)
#The_Axiom(2018)
=====================
ဒီတစ်ခါ CM Fans တွေကိုမိတ်ဆက်ပေးမှာကတော့ Axiom လို့အမည်ရတဲ့ Horror ကားလေးပဲဖြစ်ပါတယ်
#The_Axiom(2018)
=====================
ဒီတစ်ခါ CM Fans တွေကိုမိတ်ဆက်ပေးမှာကတော့ Axiom လို့အမည်ရတဲ့ Horror ကားလေးပဲဖြစ်ပါတယ်
ကျွန်တော်တို့လက်ရှိကမ္ဘာမှာပဲ တစ်ခြားကမ္ဘာတစ်ခုခု သို့မဟုတ် တစ်ခုမက တည်ရှိနေတယ်ဆိုတဲ့ယုံကြည်မှု့ ရှိတဲ့သူတွေတော်တော်ကိုများပြားပါတယ်။
ဘာသာရေးတွေ မှာလည်း အဲ့ယုံကြည်ချက်ကိုတော်တော်တွေ့ရပါတယ်။
အဲ့ထက်ပိုတဲ့သူတွေကတော့ အဲ့လိုတစ်ခြားကမ္ဘာတွေကို သွားရောက်နိုင်တဲ့ ဂိတ်ပေါက်တွေ တံခါးဝတွေ အစရှိသဖြင့် မြောက်များစွာတည်ရှိနေတယ်လို့ယုံကြည်ပြီး ကျမ်းဂန် အကိုးကားနဲ့ရှာဖွေနေတဲ့သူတွေလည်း တစ်ပုံတစ်ပင်ပါပဲ
ဘာမြူဒါတြိဂံကိုတောင်မှပဲ တစ်ခြားကမ္ဘာတစ်ခုဆီကို ဦးတည်နေတဲ့ ဂိတ်ပေါက်တစ်ခုအဖြစ်ရည်ညွန်းပြောဆိုခဲ့ကြပါတယ် ဒီလို ဂိတ်ပေါက်တွေ မုခ်ဦးတွေနဲ့ပတ်သတ်တဲ့ စိတ်ကူးယဉ် စာအုပ်တွေ ရုပ်ရှင်တွေကလည်း တစ်ပုံတစ်ပင်ပါပဲ ။
ခုဒီ Axiom လို့ခေါ်တဲ့ ဇာတ်ကားလေးကလည်း ဒီလို ကားတွေထဲကတစ်ကားအပါဝင်ပါပဲ။ ဇာတ်လမ်းလေးကိုတော့ မတ်ကင်းဇီနဲ့ မာတင်ဆိုတဲ့မောင်နှမနှစ်ယောက်က ပျောက်နေတဲ့ သူတို့ရဲ့အစ်မကြီးမာရီလင်ကိုရှာဖွေတဲ့အပေါ်မှာဇာတ်ကိုတည်ထားပါတယ်။
မာရီလင်ကလည်း လွတ်လပ်စွာသွားလာတက်တဲ့ စိတ်ပေါ့ပါးတဲ့ လွတ်လပ်သောစိတ်နဲ့ လူဖြစ်ရကျိုးနပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးပါပဲ။
ဒါပေမဲ့နောက်ပိုင်းအဆက်သွယ်မရတော့တဲ့အပေါ်မှာမောင်နှမတွေအပေါ် တွယ်တာတက်တဲ့ မတ်ကင်းဇီက အစ်မတော် မာရီလင်ကိုရှာပုံတော်ဖွင့်ပါတော့တယ် အစ်မပျောက်နေတဲ့အကြောင်းကို ဆိုရှယ်နက်ဝေါ့ခ်တစ်ခုမှာတင်ပြီးကြေငြာချက်ဖွင့်တာပေါ့ အဲ့မှာပဲ သူ့ပိုစ့်ကိုရီပလိုင်းပြန်ပြီး သူ့အစ်မရဲ့တည်နေရာကိုသိပါတယ်လို့ ဆက်သွယ်လာသူ လူတစ်ယောက်ကိုတွေ့ရတဲ့အခါမှာတော့ မတ်ကင်းဇီရယ် သူ့အစ်ကိုမာတင်ရယ် မာတင်ရဲ့ရည်းစားဒါစီရယ် ဆေးသမားဂါရစ်ရယ် စိတ်ပိုင်းဆိုင်ရာဝေဒနာတွေခံစားနေရတဲ့ အတ်ဂါဆိုတဲ့ဂေါက်တောက်တောက်ဘဲတစ်ပွေရယ် စုစုပေါင်းငါးယောက်တို့က ထိုလူဆက်သွယ်လာတဲ့ သူတို့အစ်မရှိနေနိုင်မဲ့ အမျိုးသားဥယျာဉ်ဆီကို ခရီးထွက်လာပါတော့တယ်။
သူ့အစ်မဆီကနေ မတ်ကင်းဇီခိုးယူထားခဲ့တဲ့ မှတ်စုအရ အရမ်းအန္တရာယ်များတဲ့ တောအုပ်ဆိုပေမဲ့လည်း မောင်နှမမေတ္တာကြောင့် ရှာပုံတော်ဖွင့်ရပါတော့တယ်။
ဒီလိုနဲ့ခုနကပြောခဲ့တဲ့ပိုစ့်ကို ရီပလိုင်းလုပ်သူနဲ့တွေ့ဆုံပြီး ထူးဆန်းတာတွေကြားခဲ့ရပါတယ်။ ဒါပေမဲ့သိတဲ့အတိုင်း လူငယ်ဆိုတော့ ယီးတီးယားတားတွေဆိုမယုံတက်တာကြောင့် တောအုပ်ထဲကိုဝင်ခဲ့ပါတော့တယ်။
ဒါပေမဲ့တောအုပ်ထဲရောက်ပြီးမကြာခင်မှာပဲ သူတို့ဟာသူတို့ချစ်တဲ့ ပျော်မွေ့ခဲ့တဲ့လောကကြီးကို နှုတ်ဆက်ခဲ့ရပြီ သူတို့ဟာတစ်ခြားသောကမ္ဘာတစ်ခုထဲကိုခြေချမိနေပြီဆိုတာသိရတဲ့အချိန်မှာတော့ အရာရာဟာနောက်ကျသွားခဲ့ပါပြီ။
ရက်စက်ကြမ်းကြုတ်တဲ့ထူးဆန်းသောကမ္ဘာတစ်ခုမှာသူတို့တွေ ဘယ်လိုအသက်ရှင်မှာလဲ သူတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အစ်မတော်ကို ကိုယ့်အသက်တောင်မနည်း လုနေရတဲ့အချိန်မှာဘယ်လိုရှာကြမှာလဲ ဒီအဖြေတွေအတွက်ကတော့ အောက်မှာပေးထားတဲ့ ဒေါင်းလုပ်လင့်ခ်လေးက အကူညီပေးနိုင်မှာလို့မျှော်လင့်ပါတယ်ဗျာ။
Translator : Triq Lucius Walker
Encoder : May Pyae Sone Oo
Encoder : May Pyae Sone Oo
Credit
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
(zawgyi)
#The_Axiom(2018)
=====================
ဒီတစ္ခါ CM Fans ေတြကိုမိတ္ဆက္ေပးမွာကေတာ့ Axiom လို႔အမည္ရတဲ့ Horror ကားေလးပဲျဖစ္ပါတယ္
#The_Axiom(2018)
=====================
ဒီတစ္ခါ CM Fans ေတြကိုမိတ္ဆက္ေပးမွာကေတာ့ Axiom လို႔အမည္ရတဲ့ Horror ကားေလးပဲျဖစ္ပါတယ္
ကြၽန္ေတာ္တို႔လက္ရွိကမာၻမွာပဲ တစ္ျခားကမာၻတစ္ခုခု သို႔မဟုတ္ တစ္ခုမက တည္ရွိေနတယ္ဆိုတဲ့ယုံၾကည္မႈ႕ ရွိတဲ့သူေတြေတာ္ေတာ္ကိုမ်ားျပားပါတယ္။
ဘာသာေရးေတြ မွာလည္း အဲ့ယုံၾကည္ခ်က္ကိုေတာ္ေတာ္ေတြ႕ရပါတယ္။
အဲ့ထက္ပိုတဲ့သူေတြကေတာ့ အဲ့လိုတစ္ျခားကမာၻေတြကို သြားေရာက္နိုင္တဲ့ ဂိတ္ေပါက္ေတြ တံခါးဝေတြ အစရွိသျဖင့္ ေျမာက္မ်ားစြာတည္ရွိေနတယ္လို႔ယုံၾကည္ၿပီး က်မ္းဂန္ အကိုးကားနဲ႕ရွာေဖြေနတဲ့သူေတြလည္း တစ္ပုံတစ္ပင္ပါပဲ
ဘာျမဴဒါႀတိဂံကိုေတာင္မွပဲ တစ္ျခားကမာၻတစ္ခုဆီကို ဦးတည္ေနတဲ့ ဂိတ္ေပါက္တစ္ခုအျဖစ္ရည္ၫြန္းေျပာဆိုခဲ့ၾကပါတယ္ ဒီလို ဂိတ္ေပါက္ေတြ မုခ္ဦးေတြနဲ႕ပတ္သတ္တဲ့ စိတ္ကူးယဥ္ စာအုပ္ေတြ ႐ုပ္ရွင္ေတြကလည္း တစ္ပုံတစ္ပင္ပါပဲ ။
ခုဒီ Axiom လို႔ေခၚတဲ့ ဇာတ္ကားေလးကလည္း ဒီလို ကားေတြထဲကတစ္ကားအပါဝင္ပါပဲ။ ဇာတ္လမ္းေလးကိုေတာ့ မတ္ကင္းဇီနဲ႕ မာတင္ဆိုတဲ့ေမာင္ႏွမႏွစ္ေယာက္က ေပ်ာက္ေနတဲ့ သူတို႔ရဲ႕အစ္မႀကီးမာရီလင္ကိုရွာေဖြတဲ့အေပၚမွာဇာတ္ကိုတည္ထားပါတယ္။
မာရီလင္ကလည္း လြတ္လပ္စြာသြားလာတက္တဲ့ စိတ္ေပါ့ပါးတဲ့ လြတ္လပ္ေသာစိတ္နဲ႕ လူျဖစ္ရက်ိဳးနပ္ခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးပါပဲ။
ဒါေပမဲ့ေနာက္ပိုင္းအဆက္သြယ္မရေတာ့တဲ့အေပၚမွာေမာင္ႏွမေတြအေပၚ တြယ္တာတက္တဲ့ မတ္ကင္းဇီက အစ္မေတာ္ မာရီလင္ကိုရွာပုံေတာ္ဖြင့္ပါေတာ့တယ္ အစ္မေပ်ာက္ေနတဲ့အေၾကာင္းကို ဆိုရွယ္နက္ေဝါ့ခ္တစ္ခုမွာတင္ၿပီးေၾကျငာခ်က္ဖြင့္တာေပါ့ အဲ့မွာပဲ သူ႕ပိုစ့္ကိုရီပလိုင္းျပန္ၿပီး သူ႕အစ္မရဲ႕တည္ေနရာကိုသိပါတယ္လို႔ ဆက္သြယ္လာသူ လူတစ္ေယာက္ကိုေတြ႕ရတဲ့အခါမွာေတာ့ မတ္ကင္းဇီရယ္ သူ႕အစ္ကိုမာတင္ရယ္ မာတင္ရဲ႕ရည္းစားဒါစီရယ္ ေဆးသမားဂါရစ္ရယ္ စိတ္ပိုင္းဆိုင္ရာေဝဒနာေတြခံစားေနရတဲ့ အတ္ဂါဆိုတဲ့ေဂါက္ေတာက္ေတာက္ဘဲတစ္ေပြရယ္ စုစုေပါင္းငါးေယာက္တို႔က ထိုလူဆက္သြယ္လာတဲ့ သူတို႔အစ္မရွိေနနိုင္မဲ့ အမ်ိဳးသားဥယ်ာဥ္ဆီကို ခရီးထြက္လာပါေတာ့တယ္။
သူ႕အစ္မဆီကေန မတ္ကင္းဇီခိုးယူထားခဲ့တဲ့ မွတ္စုအရ အရမ္းအႏၲရာယ္မ်ားတဲ့ ေတာအုပ္ဆိုေပမဲ့လည္း ေမာင္ႏွမေမတၱာေၾကာင့္ ရွာပုံေတာ္ဖြင့္ရပါေတာ့တယ္။
ဒီလိုနဲ႕ခုနကေျပာခဲ့တဲ့ပိုစ့္ကို ရီပလိုင္းလုပ္သူနဲ႕ေတြ႕ဆုံၿပီး ထူးဆန္းတာေတြၾကားခဲ့ရပါတယ္။ ဒါေပမဲ့သိတဲ့အတိုင္း လူငယ္ဆိုေတာ့ ယီးတီးယားတားေတြဆိုမယုံတက္တာေၾကာင့္ ေတာအုပ္ထဲကိုဝင္ခဲ့ပါေတာ့တယ္။
ဒါေပမဲ့ေတာအုပ္ထဲေရာက္ၿပီးမၾကာခင္မွာပဲ သူတို႔ဟာသူတို႔ခ်စ္တဲ့ ေပ်ာ္ေမြ႕ခဲ့တဲ့ေလာကႀကီးကို ႏႈတ္ဆက္ခဲ့ရၿပီ သူတို႔ဟာတစ္ျခားေသာကမာၻတစ္ခုထဲကိုေျခခ်မိေနၿပီဆိုတာသိရတဲ့အခ်ိန္မွာေတာ့ အရာရာဟာေနာက္က်သြားခဲ့ပါၿပီ။
ရက္စက္ၾကမ္းၾကဳတ္တဲ့ထူးဆန္းေသာကမာၻတစ္ခုမွာသူတို႔ေတြ ဘယ္လိုအသက္ရွင္မွာလဲ သူတို႔ရဲ႕ရည္မွန္းခ်က္ျဖစ္တဲ့အစ္မေတာ္ကို ကိုယ့္အသက္ေတာင္မနည္း လုေနရတဲ့အခ်ိန္မွာဘယ္လိုရွာၾကမွာလဲ ဒီအေျဖေတြအတြက္ကေတာ့ ေအာက္မွာေပးထားတဲ့ ေဒါင္းလုပ္လင့္ခ္ေလးက အကူညီေပးနိုင္မွာလို႔ေမွ်ာ္လင့္ပါတယ္ဗ်ာ။
Translator : Triq Lucius Walker
Encoder : May Pyae Sone Oo
Encoder : May Pyae Sone Oo
Credit
မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1



Post a Comment